Unicode version,
အဲကွန်းမှစွတ်ပြယ်လာသော အအေးဒဏ်အောက် စောင်တထည်ဖြင့် လှုတ်လီလှုတ်လဲ့အိပ်ပျော်နေသော လူသားအား ဂျေဟာ အကြောင်းပြချက်မဲ့စွာ ငေးကြည့်နေမိသည်။
ထူးဆန်းစွာ မနေ့က အတူနေဖို့ အရင်တောင်းဆိုလာသော ထိုလူသားဟာ တစ်ညလုံး ဗိုက်လေးကိုသာ လက်ဖြင့် ခပ်ဖွဖွလေးဖိလိုက် ပွတ်လိုက်လုပ်နေသောကြောင့် ဂျေ၏မျက်လုံးတွေသည် အိပ်ပျော်နေသောလူသား၏ဗိုက်သားလေးကို အကြည့်လွှဲမိ၏။
ထို့နောက် စောင်အားအနည်းငယ်ဖယ်ကာ လှစ်ခနဲပေါ်လာသော ဖြူစွတ်နေသောကိုယ်ငယ်လေးသည် အနည်းငယ်တုန်သွားသဖြင့် ဂျေသည်ဗိုက်သားချပ်ချပ်လေးအား မကြည်တော့ပါပဲ စောက်ပြန်အုပ်ပေးလိုက်ကာ ဘေးတွင်တင်ထားသော အဲကွန်းရီမုတ်ထ်လေးဖြင့် အအေးဓာတ်ကိုလျော့ချလိုက်ကာ ကုတင်ပေါ်မှဆင်း၍ ရေချိုးခန်းသို့ဝင်လာခဲ့လိုက်သည်။
အချိန်တစ်ခုကြာသည်အထိ ရေချိုးသန့်စင်ပြီးနောက် သပတ်တထည်ပတ်ကာ ထွက်လာတော့ ကုတင်ပေါ်တွင် ပတ်ခ်ဂျီမင်းမရှိတော့။ စောင်တွေကိုကန်ထုတ်၍ ထွက်သွားမှန်းသိသာသောကြောင့် ဂျေနှုတ်ခမ်းလေးဟာအနည်းငယ်ကွေးညွတ်သွားလျက် ကုတင်ဘေးတွင်ကျနေသောစောင်အား ပြန်ကောက်၍ တင်ထားရသေး၏။
သိပ်မကြာပါ အဖြူရောင် ချည်သားလက်ရှည်လေးအား အနက်ရောင်ဂျင်းဘောင်းဘီထဲထည့်ဝတ်၍ ကျောပိုးအိတ်ကိုတဖက်ထဲလွယ်ကာ အောက်ကိုဆင်းလာတော့ ထမင်းစားခန်းတွင်ကြိုရောက်နေသော လူသားဟာ မနက်စာစားနေလေရဲ့။
သူ့ကိုမြင်တော့ အနည်းငယ်မျက်ခုံးပင့်လိုက်ကာ နွားနို့ဖန်ခွက်လေးအား သိမ်မွေ့စွာပင် ယူ၍သောက်လိုက်သောကြောင့် စက္ကန့်ဝက်လောဂျေဟာ ငေးခနဲဖြစ်သွားရ၏။
နူးညံ့တာတွေ သိမ်မွေ့တာတွေကို သဘောကျတတ်သည့်ဂျေဟာ ပတ်ခ်ဂျီမင်းရဲ့ အမှတ်တမဲ့ နူးညံ့မှုလေးတစ်ခုမှာတောင် အသက်မဲ့သွားသလိုပင်။
ထိုချိန်...
*ကျောင်းကိုသွားမှာမလား*
*အင်း*
နှုတ်ခမ်းအနားလေးအား လက်ခုံလေးဖြင့် ခပ်ဖွဖွလေးသပ်လိုက်ကာ မေးလာသောလူသားကြောင့် အသိစိတ်ပြန်ကပ်၍ ရေခဲသေတ္တာထဲရှိ နွားနို့ဘူးလေးကိုယူပြီးသည်နှင့် လှည့်ထွက်လာရန်လုပ်ပါသော်လည်း ဗိုက်လေးအားလက်တဖက်ဖြင့်ဖိကာ ကိတ်ခြောက်လေးအားနောက်လက်တဖက်ဖြင့် ကိုင်စားနေသောလူသားကြောင့် ဂျေသည်နဖူးပေါ်ရှိဆံပင်လေးများဝဲသွားသည်အထိ လေပူများမှုတ်ထုတ်လိုက်ကာ ပတ်ခ်ဂျီမင်းအနားသို့လျှောက်သွားခဲ့မိလေသည်။