Unicode Version,
*ကဲကဲ အားလုံးပဲ အရင်တပတ်က မင်းတို့ရဲ့ Engဆရာက ရာထူးတိုးကျောင်းပြောင်းသွားရတော့ အခု Engဆရာမအသစ်ရောက်လာတယ်*
*ဆရာမနဲ့မိတ်ဆက်ပေးမယ် ငြိမ်ငြိမ်နေကြ*
ဂျောင်ကုတို့အတန်း၏ အတန်းမှုးဖြစ်သောဆရာမကြီး၏စကားကြောင့် တစ်တန်းလုံးငြိမ်သက်နေချိန် အတန်းထဲသို့ ညင်သာသောခြေလှမ်းများဖြင့် ဝင်လာသော Engဆရာဖြစ်ဟန်ရှိသည့် အမျိုးသမီးအား တစ်ချက်ကြည့်ရုံမျှသာကြည့်၍ ဂျေသည်ဂိမ်းသာဆက်ဆော့နေမိသည်။
*အားလုံးပဲမင်္ဂလာပါ တီချယ့်နာမည်က ယူဂျီနာပါ မင်းတို့အတန်းကို Engသင်ပေးမှာပါ ရှေ့လျှောက်စာသင်နှစ်တွေအတူရှိကြတာပေါ့*
ဆရာမအသံလေးဟာ မတိုးမကျယ်ဖြင့်နားဝင်ချိုသည့်အထဲတွင်ပါသောကြောင့် ဂျေတစ်ယောက် ဂိမ်းဆော့နေရင်းဖြင့် မျက်ခုံးတစ်ဖက်ပင့်ကာ ဂိမ်းကိုသာအသဲအမဲခိုးဆော့နေခိုက် လက်ထဲမှ ဖုန်းလေးအားဆက်ခနဲယူသွားခံလိုက်ရသောကြောင့် ဒေါသဟာ မီးတောင်သဖွယ်ပေါက်ကွဲလုခါနီးပင်။
*စာသင်ချိန်မှာ ဖုန်းကိုင်ခွင့်မရှိဘူးကျောင်းသား*
*စာသင်နေသေးလို့လား*
*စာမသင်လည်း ဆရာမရှိနေရင် respectရှိရမယ်ဆိူတာ နားမလည်ဘူးလား*
*ဟူတ်ကဲ့ နားမလည်ပါဘူး*
ထိုအမျိုးသမီးအား တစ်ခွန်းမကျန်ပြန်ပြောကာ အမျိုးသမီး၏အနောက်တွင် ကိုင်ထားသောသူ့ဖုန်းလေးအားပြန်ယူခိုက် သူ့အားရှောင်လိုက်သောကြောင့် ဂျေကိုယ်တိုင်ပင် သတိမထားမိစွာ ဆရာမ၏ခါးလေးအား အနီးသို့ဆွဲယူမိသလိုဖြစ်ကာ ဖုန်းလေးအားအတင်းဆွဲယူမိသည်။
အာရုံဟာ ဖုန်းကိုပြန်ယူဖို့သာ တွေးထားသောကြောင့် ထိုအမျိုးသမီး၏ခါးအားဖက်ထားမိသည်ကိုလည်း သတိမမူမိခဲ့ပေ။
*အဟမ်း....ဖယ်စမ်း မင်းရဲ့ဖုန်းကို ကျောင်းချိန်ပြီးမှ ရုံးခန်းမှာလာယူပါ*
ဆရာမသည်မျက်နှာလေးအနည်းငယ်နီသွားကာ ဂျောင်ကုလက်ထဲမှဖုန်းအား ပြန်ယူသွား၍ စာဆက်သင်ရန် ကျောင်းသားများအားစာအုပ်ထုတ်ခိုင်းလေသည်။