part 5 !!!

51.4K 745 43
                                    

🍇🍇🍇ဒေါက်တာပိုးဝတီတစ်ယောက် စားပွဲပေါ်က နာရီကိုကြည့်လိုက်တော့ 6နာရီ 25 မိနစ်ကို ညွှန်ပြနေသည်၊ ခုအချိန်လောက်ဆို ချစ်ဇနီးလေးက စျေးထဲမှာ ပန်းရောင်းနေလောက်ပီး၊ ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကိုထုတ်လိုက်သည်.

ဖုန်းဖန်သားပြင်ပေါ်မှာ သူမတို့နှစ်ဉီးမင်္ဂလာဆွမ်းကျွေးတုန်းက ရိုက်ထားတဲ့ပုံလေးပါ။ ဖုန်းဖန်သားပြင်ကိုတစ်ချက်ပွတ်ဆွဲလိုက်ကာ gallery ထဲမှဓာတ်ပုံအချို့ကို ပြန်ကြည့်နေသည်။

ချစ်သူဖြစ်တဲ့နေ့ကပုံ၊မင်္ဂလာတုန်းကပုံ၊ ဒီတစ်ပုံကို တွေ့တော့ နမ်းရှိုက်လိုက်ကာ။ ဒီပုံက သူနဲ့ချစ်ဇနီးလေး
တရားဝင်သွေးသားချင်းရောနှောတုန်းက ပင်ပန်းနွမ်းနွယ်ကာ နှစ်ယောက်သားဖက်ကာ အိပ်ပျော်နေတဲ့ပုံလေးပါ။ သူ့မှာ ခိုးရိုက်ထားရတာ အမော။သိသွားမှာလည်း ကြောက်ရသေးတယ်။

....နန်းခမ်း ဝင်လာကာ..ဖုန်းကြည့်နေတဲ့ ပိုးကိုတွေ့တော့

ပိုးရေ သိင်္ဂီ တို့ရော မလာသေးဘူးလား..
..ပိုး.. ငါမေးတယ်လေ!

မေးသာမေးတာ အဖြေမလာတဲ့ ဓာတ်ပုံကိုသာမပီးနိုင်စွာငုံ့နမ်းနေတဲ့ ပိုးဝတီလွန်းကို ကြည့်မရတော့ပါ။စားပွဲပေါ်မှာလည်း အငွေ့ထောင်းထောင်းတနေတဲ့ မောမစ်နဲ့ ပူတင်း ကအဲ့အတိုင်းသာ ပုံမပျက်သေး။

ပိုး..အနားလျှောက်သွားကာ လက်ထဲကဖုန်းကို ဖျက်ခနဲ့ဆွဲလုကာ ကြည့်လိုက်တော..

..အမလေး!!

ဒေါ်ပိုးဝတီလွန်း.....
...နင်တို့က ဒီအခြေနေထိတောင် ဖြတ်သန်းပီးသွားပီးပေါ့လေ။

ကြည့်စမ်း...ခေါင်းပေါက်ဒဏ်ရာကျတော့ ငါတို့ကို လာလာပြတယ်။ ဒီလိုကိစ္စကျတော့ နင့်ပါးစပ်က ပိတ်နေတယ်ကျန်း..။

ငါ့ဖုန်းကို ပြန်ပေးဟာ...နန်းခမ်းမ။

ငါတို့ဇနီးမယားနှစ်ယောက်တူတူနေတဲ့ဟာကို နင်တို့ကို
ပြောပြရမှာလား...?

ဒါဆို မိပိုး....နင်ဟိုကိစ္စက အောင်မြင်ထားတော့ ငါတို့တွေမကြာခင် သတင်းကောင်းကြားရတော့မှာပေါ့။

ငါကတော့ မထင်ပါဘူး...နမ်းခမ်းရာ။

ငါတို့က တူတူနေတာနှစ်ခါပဲ ရှိသေးတယ်။

My wife (warning )💜Where stories live. Discover now