မနက်စျေးထဲမျာ ငုဝါပန်းရောင်းရင်းထိုင်နေသည်။ပန်းတွေအားလုံးကုန်လုနီးပါး ဖြစ်နေပီး။ငုဝါစီမှာ နေ့တိုင်းပန်းယူနေကျဖောက်တွေ ထပ်တိုးလာသည်။
ပန်းသခင်!..
ကြားရတဲ့အသံပိုင်ရှင်ဟာ ဘယ်သူမှန်းသိတော့ ငုဝါပြုံးပြုံးလေးလှည့်ကြည့်လိုက်သည်...ခလပ်!......ခလပ်!......
ဂျူး!...ဘာလုပ်ပြန်ပီးလဲ..
"မင်းအပြုံးကို သိမ်းထားချင်လို့"
ကင်မရာကိုလည်ပင်းမှာဆွဲထားတဲ့အစ်မက ဉီးခေါင်းမှာလည်းပတ်တီးအဖွေးသားနဲ့။
ဒဏ်ရာက မပျောက်သေးဘဲနဲ့ဘာလို့ထွက်လာတာလဲ!!
"မင်းကိုတွေ့ချင်လို့လေ"..
မင်းခုတို့ကိုဆူနေတာလား..
"မဆူပါဘူး.. ငုဝါဘယ်မှာဆူလို့လဲ"..
ဘာလဲ.. မင်းကတို့ကိုစိတ်ပူနေတာလား..
စိတ်မပူပါဘူး!..
ကောင်မလေးတစ်ယောက်ကတော့ မလိမ်တတ်ဘဲနဲ့လိမ်နေပြန်ပီး.
မင်းမျက်ဝန်းထဲမှာ တို့ကိုစိတ်ပူနေတဲ့အငွေ့သက်တွေမြင်နေရတယ်လေ။ဂျူး! ဘယ်လိုဖြစ်နေတာလဲ...အဲ့လိုထပ်စရင်ငုဝါစကားမပြောတော့ဘူးနော်..
ok.!.. ok...
ထပ်မစတော့ဘူး...စကားမပြောပဲနဲ့တော့မနေပါနဲ့။...ပန်းတွေတောင် ကုန်နေပီးပဲ...ရောင်းကောင်းနေတာလား...
ဟုတ်တယ်ဂျူး...ငုဝါစီမှာဖောက်သည်သစ်တွေထပ်တိုးလားတယ်
မင်းတို့ကို ကျေးဇူးတင်သင့်တယ်.။
ဘာဆိုင်လို့လဲ..!!
ဆိုင်တာပေါ့..တို့ကူရောင်းပေးတဲ့နေ့ကစပီး မင်းပန်းတွေရောင်းကောင်းလာတာ သတိမထားမိဘူးလား..
ဆိုင်လို့လား..
ဆိုင်တာပေါ့ကွာ..တို့လိုခပ်ချောချောကောင်မလေးတစ်ယောက်နေ့တိုင်းလာကူရောင်းပေးနေလို့ မင်းဆိုင်ကပန်းတွေရောင်းကောင်းနေတာ...
ဂျူးက မချောပါဘူး..
ဘာ..
မင်းတို့ကို မချောဘူးလို့ပြောလိုက်တာလား...
YOU ARE READING
My wife (warning )💜
Fiksi Penggemarတရားဝင် ပိုဆိုင်ခွင့်ရဖို့ ကြိုးစားမိရုံ လေးပါ. လိမ်ညာပြီး အပိုင်ယူမိတဲ့ အတွက်... ...မ ကို မမုန်းလိုက်ပါနဲ့....