🍇🍇🍇 အိပ်ပျော်နေတဲ့ ပိစိလေးအနားတွင် လှဲလျောင်းကာ ပိုးဝင်အိပ်နေသည်။ နန်းခမ်းနဲ့နေခြည်တို့စုံတွဲက ခဏပြန်သွားကြသည်။ ည11နာရီလောက်ဆိုပြန်လာမယ်လို့ပြောခဲ့သည်။
အိန္ဒြာနဲ့သိင်္ဂီတို့ကတော့ ဆိုဖာခုံပေါ်တွင်ထိုင်ကာ စကားပြောရင်း ဆေးရုံစောင့်ပေးနေကြသည်။ကုတင်ထက်ကငုဝါမှာလဲ အိပ်ပျော်နေသည်။
အဲ..အဲ..ငဲ..ငဲ!
အိပ်မလို့ကြံကာရှိသေး။ ပုခတ်ထဲက ပိစိလေးကအသံထွက်လာသည်။ ပိုးစိတ်ပူမိတာ ချစ်ဇနီးလေးကိုပါ။ပိစိလေး ရဲ့ အသံကြားတာနဲ့လန့်နိုးတတ်တဲ့ ချစ်ဇနီးလေးကိုကြည့်လိုက်တော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။တော်ပါသေးတယ်။အိန္ဒြာနဲ့သိင်္ဂီတို့နှစ်ဉီး အလျင်အမြန်ပင် အနှီးထုတ်လေးနားရောက်လာကြသည်။မီးမီးလေးက အိပ်လေးဝသွားပီးလား..။ ဟင်း...တီတီတို့ကိုပြောပါအုံး။
နှစ်ယောက်လုံးက ပိစိလေးအားချော့မြူနေကြသည်။ပိုးပိုး နင်အိပ်တော့ နင့်သမီးကိုငါ့တို့နှစ်ယောက်ကြည့်ထားပေးမယ်။ စိတ်မပူနဲ့ အေးအေးဆေးဆေးသာအိပ်စမ်းပါ။မနေ့ညကလည်း နင်တစ်ရေးမှမအိပ်ရသေးဘူး။ ဆိုဖာပေါ်မှာတတ်အိပ်အုံး။ အောက်မှာက ဖျာခင်းထားပေမဲ့ အေးနေမှာ။
ရတယ်။ ငါအိပ်တတ်တယ်။ ငါ့သမီးလေးနားမှာပဲအိပ်ချင်လို့။
မျက်လုံးလေးမပွင့်တပွင့်နဲ့သန်းနေတဲ့ ပိုးပိုးရဲ့ကိုယ်ပွားလေးက အိန္ဒြာလက်ထဲမှာချစ်ဖို့ကောင်းလိုက်တာ။ မီးမီးလေးက အိန္ဒြာလက်ထဲမှာအငြိမ်မနေပါ။
မီးမီးက ရူးပေါက်ချထားတယ်ထင်တယ်၊ ဖင်နားတွေစိုနေတယ် သိင်္ဂီ။
အိန္ဒြာနဲ့သိင်္ဂီတို့ နှစ်ယောက်ပေါင်းပီး ပိုးပိုးရဲ့သမီးအားအနှီးလဲပေးနေသည်။ အနှီးထုပ်အားဖြီနေတုန်း ပိုးရဲ့သမီးလေးက သူတို့နှစ်ယောက်ကို ငြိမ်ငြိမ်လေးကြည့်
နေသည်။ ရူးတွေပေါက်ချထားတာ မှန်ပေမဲ့သိပ့်မများပါ။ပေါင်ကြားတွေအား ဝက်စ်တစ်ရူးဖြင့်သုတ်ပေးကာ ပေါင်တာမုန့်လေးလူးလေးပီး အင်္ကျီအသစ်ပါလဲပေး
လိုက်သည်။ပိစိလေးက လက်သေးသေးလေးအားမြှောက်ကာ ဟိုရမ်းဒီရမ်းလုပ်နေသည်။အနှီးအသစ်ဖြင့်ထုပ်ပေးကာ သိင်္ဂီရဲ့ရင်ခွင်ထဲမှာသိပ့်လိုက်သည်။မငိုရဘူးနော်။ မီးမီးရဲ့မေမေနဲ့မာမီက အခုမှအိပ်ရတာ။ ဖင်လေးအား ဖွဖွလေးပုတ်ပေးတော့ သိင်္ဂီလက်ထဲမှာပိစိလေးကငြိမ်နေသည်။ သိင်္ဂီလည်း တတ်သလောက်မှတ်သလောက် သားချော့တေးလေး ဆိုပေးလိုက်တော့ ပိစိလေးကဖြေးဖြေးချင်းမျက်လုံးတွေ မှေးစင်းလာလေသည်။ သိင်္ဂီလက်ပေါ်မှာတင် ပိုးပိုးရဲ့သမီးပိစိလေးဟာ အိပ်ပျော်သွားလေသည်။
YOU ARE READING
My wife (warning )💜
Fanfictionတရားဝင် ပိုဆိုင်ခွင့်ရဖို့ ကြိုးစားမိရုံ လေးပါ. လိမ်ညာပြီး အပိုင်ယူမိတဲ့ အတွက်... ...မ ကို မမုန်းလိုက်ပါနဲ့....