🍇🍇🍇 ဒေါက်တာတွေအားလုံးလိုက်ပါလာတဲ့ကားဟာ ဒေါက်တာပိုးဝတီလွန်းရဲ ခြံရှေ့မှာ ဘရိတ်အုပ်လိုက်သည်။
ကဲကဲ..."ငါတို့ရဲအိမ်လွမ်းမယ်မယ်ကြီး ဆင်းလို့ရပါပီး
ရှင့်"ဒေါက်တာအိန္ဒြာမိုးမြင့်က ဒေါက်တာသူပိုးဝတီလွန်းကို ဝင်နောက်လိုက်သည်။
" မစ္စတာက အရင်ဉီးဆုံးကားပေါ်မှ ဆင်းသွားသည်"
"ကြီးမေ မင်္ဂလာပါ "
မင်္ဂလာပါကွယ်..
ခြံရှေ့မှာ ဒေါက်တာပိုးကို လူစုံတက်စုံဖြင့် ကြီးမေတို့အားလုံးက စောင့်ကြိုနေကြသည်။
"ကြီးမေရော နေကောင်းတယ်နော်"
နေကောင်းပါတယ် ငါ့တူရယ်...
"ဆေးရုံအုပ် ဉီးသိန်းဟန်ကပိုးပိုးရဲ့ပါးပါးရှိစဉ်ကာလကအိမ်အဝင်ထွက်အမြဲလုပ်တယ်။
"ကျွန်တော်က နေကောင်းပါတယ်ကြီးမေရယ်.".
နေမကောင်းတာက အိမ်လွမ်းနာကျနေတဲ့ မိပိုးပိုး!!ကားပေါ်ကဆင်းလာတဲ့ ဒေါက်တာပိုးက ကြီးမေကိုပြေးဖက်လိုက်သည်။
ပိန်ချသွားလိုက်တာ သမီးရယ်၊၊ ကြီးမေဖြင့် စိတ်မကောင်းလိုက်တာ ။
ဂုဏ်မာန်ရှိန်ကလည်း လက်မနှေးစွာနောက်ခန်းကဒေါက်တာပိုးရဲ့အထုပ်တွေကို ဒေါက်တာနန်းခမ်းတို့နဲ့အတူ ကူချပေးနေသည်။
အထုပ်တွေကမများပါ။ ဒေါက်တာပိုးရဲ့ luggage အိတ်နဲ့ ပန်းခြောက်တစ်ထုပ်။ ဒါပါပဲ။
ရွာသားတွေ လက်ဆောင်ပေးလိုက်တဲ့ လိမ္မော်သီးတွေကို ဒေါက်တာပိုးလုံးဝမယူပါ။ မစ္စတာကညည်းမကြိုက်လည်းကြီးမေတို့အဖို့ဆိုပီး လိမ္မော်ခြင်းတစ်ခြင်းနဲ့ လက်ဖက်နပ်တွေကို မရမကအတင်းထိုးပေးခဲ့သည်။
"ကြီးမေကို သမီးတို့အားလုံးက လွမ်းနေတာ"
ဒေါက်တာအိန္ဒြာနဲ့ဒေါက်တာသိင်္ဂီတို့အားလုံးက
ကြီးမေအား နှုတ်ဆက်နေသည်။.."သမီးတို့ နောက်ရက်တွေ ထမင်းလာစားမှာနော်"
"လာကြပါကွယ်....ကြီးမေက သမီးတို့အားလုံးကို အမြဲတမ်းမျှော်နေတာပါ"
YOU ARE READING
My wife (warning )💜
Fanfictionတရားဝင် ပိုဆိုင်ခွင့်ရဖို့ ကြိုးစားမိရုံ လေးပါ. လိမ်ညာပြီး အပိုင်ယူမိတဲ့ အတွက်... ...မ ကို မမုန်းလိုက်ပါနဲ့....