🍇🍇🍇🍇 မနက်အာရုံတက်ချိန်ရောက်တော့ ပိုးဝတီလွန်း နိုးလာခဲ့၏။ သူ့ရင်ခွင်ထဲမှာ အဝတ်တွေမပါပဲ အိပ်မောကျနေတဲ့ ချစ်ဇနီးလေးကို ငေးကြည့်နေမိသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာလေးက ချစ်ပစ်ဖို့ကောင်းလွန်းသည်။ပေါ်လွင်နေတဲ့ ပုခုံးသားဝင်းဝင်းလေးကို ခပ်ဖွဖွလေး ငုံ့နမ်းလိုက်သည်။
တစ်ဖက်ခန်းက ဒီးဒီးရဲ့စာကျက်သံကိုလည်း ကြားရသည်။ စာဖက်သံက အကျယ်သော်လည်း တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ ဒီးဒီးရဲ့အသံက မြည်ဟိန်းနေသည်။ ဒီးဒီးလေးက အရမ်းလိမ္မာတယ်၊ တစ်ခုခုဆိုအမြဲ မျိုသိပ်ထားတယ်။ လိုချင်တာရှိရင်လည်း ဘယ်တော့မှမပြောဘူး။ ခုလည်း ပိုးတို့နိုးသွားမှာဆိုးလို့ တိုးတိုးလေး ကျက်နေရှာသည်။
မနေ့ညက မစ္စတာ အရေးကြီး ဖုန်းဆက်ပြောထားတာကဆေးရုံကို စောစောလာဖို့ရန်၊ လိုအပ်တဲ့ကိစ္စတွေအတွက် ဆရာဝန်အားလုံးနှင့် meeting လုပ်ရန်ဖြစ်သည်။ အိပ်ပျော်နေတဲ့ ချစ်ဇနီးလေးကို မနိုးလျှက်တော့ဘဲ ဖက်ထားသည့် လက်တွေကိုသာ သာသာလေးဖြုတ်ချလိုက်သည်။ အဝတ်မဲ့နေတဲ့ အကောင်ပေါက်လေးကို သူမရဲ့တီရှပ်ကိုသာ ကောက်စွပ်ပေးလိုက်သည်။ အင်္ကျီက အနည်းငယ်ပွနေတာကြောင့် ဝတ်ပေးရတာ လွယ်လွယ်ကူကူနဲ့ပီးမြှောက်သွားခဲ့သည်။ အညာစောင်ပါးလေးဖြင့် သေသေချာချာခြုံပေးထားခဲ့သည်။
ပိုးပိုးလည်း သူမရဲ့ဝတ်မဲ့နေတဲ့ ခန္ဓာကိုယ်ပေါ်သို့ အဝတ်တွေသေချာပြန်ဝတ်လိုက်သည်။ အင်္ကျီကိုလည်း သူမရဲ့အပြင်ခံ ချည်ထည်အပါးလေးကိုသာ ဝတ်လိုက်၏။..
အချိန်မတော် ခေါ်လာတဲ့ ဖုန်းနံပါတ်ကြောင့် ပိုးမှာလန့်သွားသလို ငုဝါမှာလည်း လန့်နိုးလာခဲ့သည်။
"ငါသိပါတယ်..ဒေါ် အိန္ဒြာမိုးမြင့်ရယ်"!!
နင်ဘာလို့ အချိန်မတော် ဖုန်းခေါ်နေရတာလဲ!!
" .................." ............."
"ဘယ်သိမလဲ" အရင်ကလည်း နင့်ကိုငါအမြဲနိုးနေကျတာပါ မိပိုးပိုးရယ်"
"ဘာလဲ.. နင့်မိန်းမ ဘေးမှာအိပ်နေလို့လား၊ အဲ့လောက်ထိ အဖြစ်သည်းနေပုံထောက်ရင် "
YOU ARE READING
My wife (warning )💜
Fanfictionတရားဝင် ပိုဆိုင်ခွင့်ရဖို့ ကြိုးစားမိရုံ လေးပါ. လိမ်ညာပြီး အပိုင်ယူမိတဲ့ အတွက်... ...မ ကို မမုန်းလိုက်ပါနဲ့....