🍇🍇🍇 မေ အပြင်မှာလေစိမ်းတွေတိုက်နေတယ်လေ။ အထဲပြန်ဝင်လာခဲ့။ ဒီမှာ ညစာစားဖို့ ကျွန်မမှာထားပြီးပြီး။
"ညဘက်ရှူခင်းလေးကို ကြည့်ချင်လို့ပါဂျူးရယ်"
"ကြည့်ချင်ရင်လည်း ဒီမှာအနွေးထည်လာဝတ်ထား။ပင်လယ်ဘက်လာတဲ့လေက အရမ်းအေးတယ်မေရဲ့"
ဂျူးနဲ့သိင်္ဂီတို့က ဟော်တယ်တွင်အခန်းမယူပဲ။ သီးသန့်ဘန်ဂလိုအိမ်တွင်သာ တည်းခိုကြသည်။ပင်လယ်ပြင်ဘက်ကိုမျက်နှာမူထားတဲ့ ဘန်ဂလိုလေးဟာ တံခါးဖွ့င်ထားရင် ပင်လယ်ပြင်ဘက်ကလာတဲ့ လေအေးအေးတွေကိုခံစားရစေသည်။
ဒါကိုသူ့ချစ်သူဒေါက်တာမမက ဘန်ဂလိုရှေ့တွင်ခုံလေးချပြီး ကျကျနနလေးညှင်းခံနေလေသည်။ချစ်သူကျောပြင်လေးကိုကြည့်နေရင်းမှ အမှတ်တမဲ့ ခပ်လှမ်းလှမ်းတွင်ရှိနေသည့် တစ်ခြားဘန်ဂလိုအိမ်လေးကို အကြည့်ရောက်သွားသည်။
သူတို့စုံတွဲလိုပဲ အမျိုးသမီးနှစ်ဉီးပါ။ တစ်ဉီးကသူ့လောက်အသက်အရွယ်ရှိပြီး နောက်ထပ်တစ်ဉီးကတော့ အသက်လေးဆယ်အရွယ်လောက်ရှိလောက်မည်။ကြည့်ရတာ အန်တီလေးက စိတ်ကောက်နေတယ်ထင်တယ်။ ကောင်မလေးက အနောက်ကနေသိုင်းဖက်ထားပြီး အန်တီလေးကို ကပ်ချွဲနေသည်။
ဂျူးကိုမြင်ရင် ရှက်သွားကြမှာစိုးလို့ မသိမသာလေးအကြည့်လွှဲလိုက်ကာ မေဘက်ကိုပြန်ကြည့်လာခဲ့သည်။
"မေနော် ကျွန်မခေါ်နေတာ နှစ်ကြိမ်မြှောက်ဖြစ်နေပြီး။သုံးကြိမ်မြှောက်ဖြစ်လို့ကတော့ ကျွန်မအဆိုးမဆိုနဲ့"
မေလာပါပြီဂျူးရယ်။တကယ်ပဲ ကမ်းခြေကိုလာပါတယ်ဆိုနေမှ အေးအေးဆေးဆေးကို လေညှင်းမခံရဘူး။ချစ်သူတစ်ယောက်ထားမိတာ မှားပြီထင်ပါတယ်။
မေနော် ပွစိပွစိလုပ်နေတဲ့အဲ့နှုတ်ခမ်းလေးကို ကျွန်မအပြစ်ပေးရမလားပြော..!
ဒေါက်တာသိင်္ဂီမှာ မကြားချင်ယောင်ဆောင်ကာ အိပ်ခန်းထဲသို့တန်းဝင်လာခဲ့သည်။ဖြူဖွေးနေတဲ့နှစ်ယောက်အိပ်မွေ့ယာကိုကြည့်ပြီး သိင်္ဂီရဲ့ပါးပြင်တွေ ပူနွေးလာခဲ့သည်။
ဂျူးကတော့ မေထားခဲ့တဲ့ ထိုင်ခုံလေးကိုပြန်သိမ်းနေသည်။ အထဲပြန်ဝင်တော့မဲ့စဲစဲကို ဝိတ်တာကောင်လေးသုံးဉီးက ဟင်းပွဲတွေယူဆောင်လာတာကြောင့် ဝိတ်တာတစ်ဉီး၏လက်ပေါ်မှ ကြွေဗန်းလေးကို ဂျူးသယ်ယူလာခဲ့သည်။
YOU ARE READING
My wife (warning )💜
Fanfictionတရားဝင် ပိုဆိုင်ခွင့်ရဖို့ ကြိုးစားမိရုံ လေးပါ. လိမ်ညာပြီး အပိုင်ယူမိတဲ့ အတွက်... ...မ ကို မမုန်းလိုက်ပါနဲ့....