part 29

16.2K 611 41
                                    

🍇🍇🍇 ညရောက်တော့ ချစ်ဇနီးလေးက မောင်လေးနဲ့ညီမလေးတို့ကို လွမ်းလို့ဆိုပြီး ဒီမှာပဲအိပ်တော့မည်ဟု တောင်းဆိုနေတာကြောင့် ပိုးလည်းလိုက်လျောပေးလိုက်သည်။

အခန်းထဲတွင် ပိုးကဖျာပေါ်တွင်လှဲလျောင်းနေပီး ချစ်ဇနီးလေးကတော့ ခြင်ထောင်ထောင်ပေးနေသည်။ပိစိလေးကတော့ အိမ်ရှေ့တွင် သူ့ဉီးလေးနဲ့သူ့အဒေါ်လက်ထဲတွင် ငြိမ်နေသည်။

ဖျာအောက်သို့ ခြင်ထောင်အစတွေ ဖိသွင်းနေသော ချစ်ဇနီးလေးကို အိပ်လျက်ဖြင့်ပိုးကြည့်နေသည်။ သုံးမိနစ်လောက်ကြာတော့ ချစ်ဇနီးလေးရဲ့ခါးသေးသေးလေးကို အနောက်ကနေသိုင်းဖက်ကာ အိပ်ယာပေါ်သို့လှဲချလိုက်သည်။

မမရယ် ဘယ်လိုဖြစ်နေတာလဲ။ ဒီမှာငုဝါ အလုပ်လုပ်နေတာလေ။ သွား...အိမ်ရှေ့မှာ သမီးတို့နဲ့သွားဆော့နေ။ ဒီမှာခြင်ထောင်အစတွေက ပြန်ထွက်ကုန်ပီး။

ချစ်ဇနီးလေးရဲ့ခေါင်းကို သူ့လက်မောင်းပေါ်သို့ပွေ့တင်လိုက်သည်။ ရုန်းလို့မရအောင်လည်း ခြေတစ်ဖက်ကိုခွတင်ထားလိုက်သည်။

"မမတို့တွေ ဒီအခန်းလေးထဲမှာ အမှတ်တရတွေရှိခဲ့တယ်နော်"

ဘာအမှတ်တရမှ မရှိဘူး။သမီးစီသွားတော့ ဒီမှာငုဝါအလုပ်လုပ်လို့မပီးသေးဘူး။ မောင်လေးနဲ့ညီမလေးတို့ဝင်လာရင် ဒုက္ခပါပဲ။

"ညီမလေးတို့က မဝင်လာပါဘူး မိန်းမရဲ့။ လွှတ်စေချင်ရင် မမကို အာဘွားပေး"

မမတစ်ယောက်နဲ့တော့ ခက်ပါတယ်။ ငုဝါလည်းစကားမများတော့ဘဲ မမရဲ့ပါးပြင်ဖြူဖြူလေးကို တစ်ချက်နမ်းပေးလိုက်သည်။ နောက်ဆို မမက လွှတ်တော့မှာမဟုတ်တာ ငုဝါသိသည်။

ချစ်ဇနီးလေးကို လွတ်ပေးလိုက်တော့ သူ့ကိုတစ်ချက်အံကြိတ်ပြကာ ခြင်ထောင်အစတွေကို ပြန်သွင်းနေသည်။ သူကတော့ ဖျာပေါ်သို့လက်ထောက်ထားပီး ချစ်ဇနီးလေးရဲ့ လုပ်ရှားမှုတွေကို အိပ်လျှက်ဖြင့်ပြုံးပြုံးလေးကြည့်နေသည်။ သေးသေးကွေးကွေးလေးနဲ့ ချစ်ဇနီးလေးက အခုတော့ သူ့ကိုနွေးထွေးတဲ့မိသားစုဘဝလေးရအောင် ဖန်တီးပေးခဲ့ပီးပီး။

My wife (warning )💜Where stories live. Discover now