part 36

17.7K 709 133
                                    

🍇🍇🍇 တစ်ညနေလုံး ဒေါက်တာသိင်္ဂီမှာ ဂျူးအားရှောင်နေရသည်။ မစ္စတာနဲ့ရွာလူကြီးတွေရဲ့ ကောင်းမှုကြောင့် အခုမှပဲ သိင်္ဂီအသက်ရှုလို့ဝတော့တယ်။မစ္စတာတို့က ရွာကိစ္စဆွေးနွေးစရာရှိသည်ဟူ၍ "အကြောင်းတင်းမ"ကိုခေါ်သွားလေသည်။လူကသာ ကြည့်လို့ကောင်းလာပေမဲ့ အကျင့်ကတော့တစ်စက်မှမကောင်းပါ။

ညနေက သူအတင်းနမ်းသည့်ကိစ္စကို အစ်မနာစမ့်ခမ့်တို့တစ်အိမ်လုံး သတင်းမွှေးသွားလေသည်။ ပိုးပိုးအကျင့်ယုတ်မဆို ရယ်နေတာများပြောမနေဲ့။ တစ်ခုခုဆိုသူငယ်ချင်းဘက်က လုံးဝမပါပေ ။ သူစိမ်းတွေကိုသာ အမြဲတမ်းအားပေးနေတာ။

ဒီးကြားထဲ အစ်မနာစမ့်ခမ့်ကလည်း အကြောတင်းမအိပ်မည့်နေရာကို သိင်္ဂီဘေးတွင် နေရာလာချသွားသည်။အသက်သာအသေခံလိုက်မယ်...ဒင်းနဲ့တော့ လုံးဝမအိပ်နိုင်ဘူး။

အသိမပေးပဲ ဒေါက်တာပိုးတို့မိသားစုအိပ်ခန်းကို သိင်္ဂီဝင်ချလာလေသည်။ စောင်နဲ့ခေါင်းအုံးကို မိပိုးဘေးတွင်ပစ်ချလိုက်သည်။

ပိုးတို့မိသားစုကတော့ ညဝတ်အင်္ကျီလေးဆင်တူဝတ်ထားကြသည်။အိပ်ပျော်သွားသည့် ပိစိလေးကို အလယ်မှာထားပြီး နှစ်ယောက်သား စကားပြောနေကြသည်။

ငါ ဒီမှာလာအိပ်မလို့...ဟိုတစ်ယောက်နဲ့တူတူ မအိပ်နိုင်ဘူး!

လာလေသူငယ်ချင်း ဒီမှာနေရာအများကြီးရှိတယ်။ပိုးက အိပ်ပျော်နေတဲ့ ပေါက်စလေးကိုအသာပွေ့ပြီး ချစ်ဇနီးဘက်ကိုတိုးထပ်ထားကာ သိင်္ဂီအတွက်နေရာကျယ်အောင်လုပ်ပေးနေသည်။

ငါလာတာ နင်တို့လင်မယားကို ဒုက္ခပေးမိပြီနဲ့တူတယ်။

"မဟုတ်သိင်္ဂီရယ်...ဒီမှာနေရာအကျယ်ကြီးဟာကို"

ချက်ချင်းမျက်လုံးမှိတ်ကာ အိပ်သွားသည့် သိင်္ဂီကြောင့် ပိုးလည်းဘာမှဆက်မပေးတော့ပေ။ တစ်နေ့လုံးလည်း ပင်ပန်းထားခြင်းကြောင့် အိပ်ငိုက်နေတာလည်းပါမယ်။

ဂျူး ပြန်လာတော့ ဒေါက်တာအစ်မက အိပ်ယာပြောင်းအိပ်သွားတယ်တဲ့လေ။ပန်းသခင်တို့ လင်မယားကို သက်သက်မဲ့ဒုက္ခသွားပေးနေတာ။ ဒီမှာအိပ်တော့ရော ကိုယ်ကသူ့ကိုဘာလုပ်မှာမှတ်လို့လဲ။ အခက်မသင့်ရင် ရင်ခွင်ထဲ ထဲသွင်းထားရုံပေါ့။

My wife (warning )💜Where stories live. Discover now