🍇🍇🍇 "ဘာတွေအဲ့လောက်စဉ်းစားနေတာလဲ"
ကားထိုင်ခုံကိုမှီပီး မျက်စိမှိတ်ကာငြိမ်သက်နေတဲ့ ဂျူးခန့်ကြောင့် ငုဝါမေးမိသည်။အမှန်တကယ်တော့ ဂျူးဟာ ငုဝါရဲ့သနပ်ခါးနံသင်းသင်းလေးကို ရှူရှိုက်နေသည်။
"မဟုတ်ပါဘူး၊ မင်းကို တို့အိမ်ခေါ်သွားမလို့"
ဒီနေ့က အလုပ်သမားတွေကို နားရက်ပေးထားတာ၊ ဒါမဲ့ သူတို့အားလုံးကို ပန်းခင်းထဲလာဖို့ခေါ်ထားတယ်။အလုပ်မလုပ်ရပေမဲ့ တို့ကအားလုံးကို နေ့စားခပေးမှာပါ။ ပန်းခင်းထဲမှာအားလုံး ပျော်ပျော်ရွှင်ရွှင်စားသောက်ကြမယ်လေ၊ အလုပ်ချည်းပဲ လုပ်နေလို့ဘယ်ဖြစ်မလဲ။
မထင်မှတ်ထားခြင်းကြောင့် ငုဝါမျက်နှာ အနည်းငယ်လေးပြုံးမိသွားသည်။ ဂျူးက ငုဝါတွေ့ဖူးတဲ့အလုပ်ရှင်တွေထဲမှာ သဘောအကောင်းဆုံးပဲ။
တို့က သဘောမကောင်းပါဘူး၊မင်းကြောင့် ပြောင်းလဲသွားတာ။ ငုဝါနဲ့စကားတွေ အပြန်အလှန်ပြောနေရင်း ကားစက်နိုးကာ သူပိုင်တဲ့နောက်ထပ်သီးသန့်ဆေးရုံစီသို့ ပုံမှန်အရှိန်နှုန်းနဲ့ မောင်းလာခဲ့သည်။
ဖြတ်ကျော်လာတဲ့ ကားလမ်းဘေးက ပတ်ဝန်းကျင်ကို မေးမောရင်း ငုဝါဟာ ကားဘေးမှန်ဘက်ခြမ်းကို မျက်နှာမူထားလေသည်။ လမ်းဘေးတွင် အလေ့ကျပေါက်ရောက်နေသော အပင်တွေကိုတွေ့ရင်ဆိုရုံဖြင့် ငုဝါမျက်နှာဟာ အလိုလိုပြုံးမိနေတာကို ကားမောင်းနေတဲ့ ဂျူး သတိထားမိနေသည်။
ဆေးရုံဟာ အရမ်းကြီးမနေပါ။ အသင့်တင့်အရွယ်စားရှိတဲ့ ဆေးရုံကြောင့် ငုဝါသဘောကျမိသည်။ဆေးရုံ၏ အထပ်က တစ်ထပ်ပဲတည်ရှိပီး အလျားရှည်လွန်းသည်။အဆောက်အဉီးအားလုံးက တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားသည်။
နာမည်ကြီးဆေးရုံ၊ဆေးခန်းတွေကို ငုဝါမသွားချင်ပါ။ လူတွေကလည်း အရမ်းများပြားသလို ချမ်းသာတဲ့သူဠေးအချို့ကြောင့် ငုဝါတို့လို မရှိဆင်းရဲသားတွေက မျက်နှာငယ်ရတယ်။ သူတို့ရဲ့ အဝတ်အစား၊အပြုအမှု၊အနေအထိုင်တွေ အားလုံးက ငုဝါတို့နဲ့ကွာဟတယ်လေ။
"ကဲ..ရောက်လာကြပီးပေါ့"
ဒေါက်တာက ညီမလေးတို့ကို မျှော်နေတာ။
YOU ARE READING
My wife (warning )💜
Fanficတရားဝင် ပိုဆိုင်ခွင့်ရဖို့ ကြိုးစားမိရုံ လေးပါ. လိမ်ညာပြီး အပိုင်ယူမိတဲ့ အတွက်... ...မ ကို မမုန်းလိုက်ပါနဲ့....