🍇🍇🍇 ဉီးဉီး မီးက ရေခဲမုန့်စားမှာ။ ညီမလေးရော မမနဲ့တူတူ ရေခဲမုန့်လိုက်စားနော်။
"မမက စတော်ပယ်ရီစားမယ်၊ညီမလေးလည်း အဲ့တာပဲစား"
ဆေးရုံ၏အနီးရှိ love me ရေခဲမုန့်ဆိုင်တွင် ပိုးအသေးစားလေးက ဉီးဆောင်ကာ ရေခဲ့မုန့်တွေအားစိတ်ကြိုက်ရွေးချယ်နေသည်။
ဝန်ထမ်းကောင်လေးမှ ကတော့ပုံစံစတော်ပယ်ရီနှစ်ဗူးအား ပိုးအသေးစားလက်ထဲသို့ ရယ်ပြုံးကာ ထည့်ပေးလိုက်လေသည်။
ဤဆိုင်တွင် သီးသန့်ထိုင်စားလို့ရသည့် ခုံတန်းတွေလည်းရှိနေသည့်အတွက် ကလေးနှစ်ဉီးအား ခုံတန်းပေါ်သို့ချပေးလိုက်သည်။
ဒေါက်တာသမီးလေးက ရေခဲမုန့်တွေကို အရင်မစားသေးပဲ သူ့သမီးလေးအား ခွံပေးနေပြန်သည်။တစ်နှစ်ကျော်ရှိသေးသည့် သမီးလေးကလည်း ရေခဲ့မုန့်အား ကောင်းကောင်းမခပ်တတ်သေးသည့်အတွက် သူ့အမခွံပေးတာကို ငြိမ်ငြိမ်လေးထိုင်စားနေရှာသည်။
ကလေးနှစ်ယောက်စားနေကြတာ တော်တော်နဲ့မပီးပါ။ပေကျံနေတဲ့ နှစ်ဉီးလုံး၏နှုတ်ခမ်းစတွေကို ဂုဏ်မာန်တစ်ရှူးဖြင့်လိုက်သုတ်ပေးနေသည်။
အားလုံးကုန်သွားတော့ ကလေးနှစ်ဉီးအား တစ်ဖက်စီပွေ့ချီကာ ဆိုင်ပြင်သို့ပြန်ထွက်လာခဲ့သည်။အရုပ်ဆိုင်ရှေ့ဖြတ်သွားတော့ ဒေါက်တာသမီးလေးက ဆိုင်ထဲဝင်မည်ဟုပြောနေတာကြောင့် ဆင်တူပန်ဒါဝက်ဝံသေးသေးလေးနှစ်ရုပ်အား ဝယ်ပေးပြီးမှ ဆေးရုံအတွင်းသို့ ပြန်လျှောက်လာခဲ့သည်။
ကိုယ်ပိုင်အရုပ်လေးအား ပိုက်ထားကြကာ ဒေါက်တာသမီးလေးက အသံစွာစွာလေးဖြင့် သူ့သမီးငယ်အား တစ်လမ်းလုံးစကားတွေပြောလာခဲ့သည်။သူ့သမီးငယ်ကတော့ သူ့ရင်ဘတ်အားသိုင်းဖက်ထားကာ ဒီတိုင်းငြိမ်နေလေသည်။
"အချစ် မာမီဆီလာခဲ့နော် ။ မာမီတို့ပြန်တော့မယ်။ဟိုမှာ.. ညီမလေးပိစိကွေးလေးက အိပ်ပျော်နေပြီး"
ဂျူတီချိန် offသွားပြီဖြစ်တဲ့ ဒေါက်တာပိုးဟာ အိမ်ပြန်ချင်ပေမဲ့ ပေါက်စလေးဟာ ကိုဂုဏ်မာန်ရှိန်လက်ထဲသို့ ပါသွားခြင်းဖြစ်တာကြောင့် ချစ်ဇနီးလေးနဲ့တူတူစောင့်နေခြင်းဖြစ်သည်။
YOU ARE READING
My wife (warning )💜
Fanfictionတရားဝင် ပိုဆိုင်ခွင့်ရဖို့ ကြိုးစားမိရုံ လေးပါ. လိမ်ညာပြီး အပိုင်ယူမိတဲ့ အတွက်... ...မ ကို မမုန်းလိုက်ပါနဲ့....