part 2 !!

51.8K 878 9
                                    

🍇🍇🍇 ငုဝါ တို့ အနား အငယ်မ လာကာ ၊

မမငုဝါ သမီးကျောင်းသွား တော့မယ် ဘာမှလည်း မစားရသေးဘူး သမီးကို မုန့်ဖိုးပေးပါနော်။

ဟုတ်တာပေါ့. ငုဝါ တို့အိမ်မှာ ဒီနေ့ဖို့ ချက်မဲ့ ဆန်ကုန်နေတာပဲ။

ငုဝါလည်း အိမ်ခန်းထဲဝင်ကာ ပိုက်ဆံအိတ်ထဲမှ ကြည့်လိုက်တော့ ငါးရာတန် တစ်ရွက်သာရှိသည်။

ဒီးဒီးငယ်!! မမ စီမှာ ငါးရာပဲ ရှိတယ်..

ဒီငါး ရာပဲ ယူသွားနော် ၊ ကျောင်းက ပြန်ရင် ထမင်းနဲ့ သင်း မမချက်ထားပေးပါ့မယ်။

ဟုတ်ကဲ့..မမငုဝါ..

အဲဆို သမီးကျောင်းသွားတော့မယ်နော်၊ မမငုဝါနဲ့ ကိုကိုပြည့်ဖြိုး ။

မောင်လေး နင်ဗိုက်ဆာ ပီးလား။
ငါ မဆာပါဘူး မမရယ်။ နင်လည်း ဘာမှ မစားရသေးဘူးမှတ်လား။

နင်ခု ဘယ်သွားမလို့လဲ မမ။ ငါလည်း လိုက်မယ်။

မမဒေါ်ဒေါ် မြိုင်စီတို့ ဂန္တမာပန်းခင်းထဲမှာ နေ့စား သွားလုပ်မို့။

မနက်ဖြန် စျေးထဲမှာ ပန်းရောင်းဖို့ တွက်လည်း တစ်ခါတည်း ယူလာမယ်။

မနက် ကလည်း မမ ပန်းမရောင်းရဘူးလေ။

မောင်လေး နင်နေခဲ့ ။ အိမ်မှာ ရေခပ် ၊ ထင်းပေါက်ထားပေး။

တစ်နေ့လုံး နေပူကျဲကျဲမှာ ငုဝါတစ်ယောက် ဂန္တမာ ပန်းခင်း ကြီးထဲမှာ ရေလောင်း ပေါင်းသင်နေသည်။

ငုဝါ ပင်ပန်း တာထက် ငုဝါအောက်က အငယ်နှစ်ယောက်ကို မပင်ပန်းစေချင်ဘူး။

ဒီလို နံနက်စောစော ပန်းရောင်း ၊ ပန်းရောင်းပီး
သူများ ပန်းခင်းတွေထဲ နေ့စား လုပ်နေရင်းပဲ ပြည့်ဖြိုးနဲ့ ဒီးဒီးလေးကို ပညာရေးစုံအောင် ထားပေးနေသည်။

ငုဝါလို ပညာတစ်ပိုင်း တစ်စနဲ့ မဖြစ်စေချင်ဘူး။

ရှိတဲ့ နေ့စား အလုပ်ကိုသာ နေ့စဉ်မပျက်အောင် အမြဲလုပ်နေသည်။

တစ်နေ့ပျက်သွားရင် ငုဝါအောက်က အငယ်နှစ်ယောက် ဘယ်လို ရပ်တည်မလဲ။

My wife (warning )💜Where stories live. Discover now