part 22

17.6K 651 69
                                    

🍇🍇🍇 မမ မာန် ကိုနမ်း! ဒီမနက် မမဘက်က မာန်ကို တစ်ခါမှမနမ်းရသေးဘူး။

"ဘယ်လိုဖြစ်နေတာလဲ..ဆေးရုံထဲမှာဆိုတာသတိလည်းရအုံး"

မာန်ဉီးလေးဆေးရုံပဲ ဘာမှမဖြစ်ဘူး။လုပ်ပါမမရယ် မာန်ကိုနမ်းအုံးလို့။

ဉီးဟိန်းစည်သူတို့ဆေးရုံအတွင်း  ဒေါက်တာနန်းခမ်း၏အခန်းထဲတွင် နေခြည်မာန်နဲ့နှစ်ယောက်တူတူထိုင်နေကြသည်။ ဒေါက်တာနန်းခမ်းက လူနာမှတ်တမ်းစရင်းကိုကြည့်နေပီး နေခြည်မာန်ကဘေးကနေဝင်ရှုပ်နေသည်။

"သူများတွေဝင်လာရင် မြင်မယ်လေ။ မင်း ဘယ်လိုဖြစ်နေတာလဲ"

မမနော် မာန်စိတ်မဆိုးချင်ဘူး၊မာန်လို့ခေါ်ပါဆို အမြဲတမ်း မင်း လို့ပဲခေါ်နေတယ်။နောက်တော့ရှိသေးတယ် မ လို့သုံးပါဆို အမြဲတမ်း တို့ လို့ပဲသုံးနေတဲ့ အသုံးအနှုန်းတွေကို မာန်မကြိုက်ပါဘူး။

မာန်မာန်ဟာ စိတ်ဆိုးပီး ဒေါက်တာနန်းခမ်းဘက်ကိုမျက်နှာမလှည့်တော့ပဲ တစ်ဖက်ခြမ်းသို့စောင်းလှည့်လိုက်သည်။ပါးစပ်ကလည်း မကျေမနပ်ပြောဆိုနေသည်။

အမှန်တကယ်တော့ မမက မာန့်ကိုမချစ်ပါဘူး။ မမအခန်းကို မာန်ခိုးဝင်လို့ ရဲတိုင်ရင်လည်း မမရဲ့သိက္ခာချမှာစိုးလို့ မာန်ကိုအဖြေပေးလိုက်တာမှတ်လား။မာန့်ကြောင့် မမက စိတ်အနှောက်အယှက်ဖြစ်နေတာလေ။
စကားအဆုံးတွင် နေခြည်မာန်ရဲ့အသံဟာ တုန်ယင်နေပီးတိမ်ဝင်သွားသည်။

အခုမှအသစ်စက်စက်ချစ်သူလေးက စိတ်ကောက်နေတော့ နန်းခမ်းချောဖို့ ထိုင်နေရာမှထရပ်လိုက်သည်။ စိတ်ကောက်နေတဲ့ ချစ်သူလေးအရှေ့မှာမက်တပ်ရပ်ကာ ကြည့်လိုက်တော့မျက်နှာနုနုလေးပေါ်မှာ မျက်ရည်စတွေ ရွှဲလို့နေသည်။ အသံတိတ်ငိုကြွေးနေတဲ့ မာန်မာန်မှာ တစ်ချက်ချက်ရှိုက်လို့နေသည်။သူ့အရှေ့မှာမက်တပ်လာရပ်နေတဲ့ မမကိုမျက်ရည်တွေဖြင့်မော့ကြည့်လိုက်သည်။

နေ ကို မ အရမ်းချစ်တယ်လေ။ မ ကိုအထင်မလွှဲပါနဲ့။ နေ ကိုချစ်လွန်းလို့ အိမ်ကမာမီပေးစားတဲ့ သူ့သူငယ်ချင်းသားကို မ ငြင်းလိုက်တာပေါ့။ခုနက မဘက်ကမနမ်းဘူးဆိုတာလဲ အလုပ်ရှုပ်နေလို့ပါ။

My wife (warning )💜Where stories live. Discover now