part 19 (u+z)

17.7K 577 58
                                    

🍇🍇🍇🍇 အိပ်ပျော်နေသည့် မိခင်လောင်းလေးအား ခပ်ဖွဖွနမ်းကာ ပိုးအိပ်ရာမှထလိုက်သည်။ ရေချိုးခန်းထဲတွင် မျက်နှာသစ်ပီး ရေပါချိုးလိုက်သည်။

ဗီရိုထဲမှ စတိုင်ပန့်ဘောင်းဘီအဖြူနဲ့ ရှပ်ကော်လံလက်ရှည် မိုးပြာရောင်ဖြင့်တွဲဖက်ဝတ်ဆင်လိုက်သည်။ မျက်နှာတွင် အနေတော်ခြယ်လိမ်းပီး ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲတွင်သာ ထည့်လိုက်သည်။ လက်ကိုင်အိတ်မယူသွားတော့ပေ။

အပြင်ထွက်တော့မည်စဲစဲတွင် ကုတင်ထက်တွင်အိပ်မောကျနေစဲဖြစ်တဲ့ မိခင်လောင်းကိုတစ်ချက်နမ်းရှိုက်ကာ ဂွမ်းစောင်​ဖြင့်သေချာပြန်ခြုံပေးလိုက်သည်။

"သမီးပိုး.. အပြင်သွားမလို့လား၊သမီး ဇနီးရော"

လှေကားဆင့်မှ တစ်ဆင့်ချင်းဆင်းလာသော ပိုးကို ကြီးမေကအရင်ဉီးအောင်မေးနေသည်။

ဟုတ်ကဲ့ ကြီးမေ ပိုးအပြင်သွားမလို့၊ ပိုးဇနီးလေးက အိပ်နေတုန်း။ မနက်စာစားဖို့ရန် ထမင်းစားခန်းသို့ဝင်လာရင်း ပိုးပြောလိုက်သည်။

ခုံပေါ်တွင်ဝင်ထိုင်ကာ အသင့်ချထားသော လက်ဖက်ရည်ခွက်ကို တစ်ငုံမော့လိုက်သည်။ပိုးက ကော်ဖီထက် လက်ဖက်ရည်ကိုကြိုက်တတ်သူပါ။ အသားညှပ်ပေါင်ဖုန့်ဖြင့် တွဲစားရင်း ပိုး၏မနက်စာဟာ ပီးဆုံးသွားလေသည်။

"ပိုးဇနီးကို စိတ်ချမယ်နော်၊နိုးလာရင် ကြီးမေတို့အားလုံး ဂရုစိုက်ပေးပါအုံး"

ပိုး ခဏလေးနေ ပြန်လာခဲ့မယ်။ထိုမျှသာပြောပီး ပိုးဟာအိမ်ထဲမှ ထွက်သွားလေတော့သည်။

......
လာပြန်ပီးလား..မင်းပဲ!

ကားပေါ်ကဆင်းဆင်းချင်း နေခြည်မာန်မျက်နှာကို မြင်လိုက်ရသော နန်းခမ်း၏မျက်နှာမှာ နှစ်ဆယ်လောက်အိုစာသွားသည်။

မာန်ဉီးလေးဆီ မာန်လာတာပါ။ မမနောက်လိုက်လာတာ မဟုတ်ဘူး အဲ့လောက်ထိစိတ်ညစ်မနေနဲ့။
ဒီနေ့တွေ့ရလည်း နောက်ဆုံးပါပဲ နောက်ထပ်မာန်မာန်မျက်နှာကို တွေ့ချင်လို့တောင်မတွေ့ရတော့ဘူး။

တို့မမြင်ချင်ဆုံးသော မျက်နှာကမင်းမျက်နှာပဲ!

နန်းခမ်းဟာ ပြောချင်ရာပြောပီး မာန်မာန်အရှေ့မှအရင်ဉီးအောင်ထွက်လာပီး ဆေးရုံကြီးထဲသို့ဝင်သွားလေသည်။

My wife (warning )💜Where stories live. Discover now