ပညာရေးကောလိပ်ဆိုတဲ့ ကျမတို့လို ကျောင်းသား၊ကျောင်းသူတွေကတော့ ပိတ်ရက်ပြီးလို့ ပြန်ရောက်လာပြန်ပြီလေ။ လေးနှစ်သင်ကိုပြောင်းလိုက်တာကြောင့် ပျင်းအောင်တက်ရမှာပေါ့။ အတန်းသစ်မဟုတ်လို့ ကျောင်းအပ်စရာမလိုတာကြောင့် အဆောင်ကိုပဲတန်းသွားလိုက်တယ်။
အဆောင်ရှေ့မှာ အရင်တွေ့လိုက်ရတာက ကျမကို စိတ်ရှည်ရှည်စောင့်နေတဲ့ သူငယ်ချင်းတွေ သော်တာ၊ရွှေစင်နဲ့ မြတ်လေးတို့ သုံးယောက်
မြတ်လေး-'မာန်ရယ်ကြာလိုက်တာ ဘာတွေလုပ်နေလို့တုန်း'
မာန်-'ငါ့အကိုမင်္ဂလာဆောင်ဝင်နေလို့ အခန်းက ယူပြီးပြီလား'
ရွှေစင်-'မယူရသေးဘူး နင့်ကိုစောင့်နေတာလေ'
သော်တာ-'ဟဲ့ လာလေ အခန်းသွားယူမယ် ပြီးမှပြောကြပါတော့ နင်တို့တွေ လေးလတောင်မတွေ့ချင်လည်းတွေ့နေရမှာ'
မာန်-'အေးပါ ဝင်မယ်'
ကျောင်းသူလက်ခံနေတဲ့ အဆောင်မှူးကို ကြည့်လိုက်တော့ ကျမတို့ကို သင်္ချာသင်တဲ့ တီချယ်လေးဒေါ်နွေးသဒ္ဓါမေပဲ တီချယ့်ကိုကြည့်လိုက်တော့ အရင်သတိထားမိတာ မျက်မှန်လဲထားတာပဲ အရင်ကလေးထောင့်ကျကျ မှန်သေးလေးနဲ့လေ
မာန်-'တီချယ် သမီးတို့ကိုလေ လေးယောက်တစ်ခန်းထားလို့မရဘူးလားဟင်'
အဆောင်မှာက လေးယောက်ခန်းနဲ့ နှစ်ယောက်ခန်းပဲရှိတာလေ ခုနှစ်က 1-1(ပထမနှစ်-ပထမနှစ်ဝက်)လေးတွေ အသစ်လာတော့ အကြီးတွေနဲ့အငယ်တွေကို ပေါင်းထားမှာလေ အဲ့ဒါကြောင့် လေးယောက်နေလို့ရအောင် ပြောနေရတာ
မေ-'ဟယ် သမီးတို့ရယ် တီချယ်ကလေ အဲ့လိုပေးလိုက်လို့မရဘူး တီချယ်ကြီးတို့က အခန်းတွေကို စီစဥ်ထားပြီးသား'
မာန်-'လုပ်ပါ တီချယ်ရယ် သမီးတို့ကလေ နယ်မတူတာတောင် စုပြီးလာရတာမလို့ပါ နော် တီချယ်'
YOU ARE READING
🤍MAY🤍
Romanceတီချယ်လေးကသာ မာန့်ဘဝရဲ့ အရာရာပါ တီချယ်လေးရဲ့ အပြုံးတစ်ပွင့်ကြောင့် မာန့်ကမ္ဘာလေး လှပနေနိုင်သလို တီချယ်လေးကြောင့်ပဲ မာန့်ကမ္ဘာက အမှောင်ဖုံးသွားနိုင်ပါတယ်