Part~6~

219 13 1
                                    

လမ်း​လျှောက်ပွဲက​နေ ပြန်လာပြီး မာန်လည်း မမအိမ်ကို သွားရမှာ တီချယ်​လေးကလည်း သူ့အ​ဆောင်ကို ပြန်ရမှာဆို​တော့ အ​ဆောင်ထိ​ တီချယ်​လေးနဲ့ အတူတူလမ်း​လျှောက်လာတာ တစ်လမ်းလုံး ဘာစကားမှ မ​ပြောဖြစ်ကြဘူး တိတ်ဆိတ်​နေတဲ့ ပတ်ဝန်းကျင်ကို မာန်ကလည်း ဘယ်လိုစပြီး ဖြိုခွင်းရမလဲမသိဘူး လမ်း​​လျှောက်လာရင်း ဂန္ဓာမာ​​​ဆောင်​ရှေ့​ရောက်​တော့ မာန်ကပဲစပြီး တီချယ့်ကို ​စကားစလိုက်တယ် အဲ့လို တိတ်ဆိတ်​နေတဲ့ ဆက်ဆံ​ရေး​တွေကို မာန်ကသိပ်​ကြောက်တာ အမြဲအဲ့လို တိတ်သွားမှာကို

မာန်-'တီချယ် ​နေမ​ကောင်းဘူးလား'

​မေ-'ဟင် ​​ဪမဟုတ်ပါဘူး ဘာလို့လဲ'

မာန်-'တီချယ့်မျက်နှာက မလန်းလို့​လေ အခန်း​ရှေ့ထိ လိုက်ပို့​ပေးမယ်​နော်'

​မေ-'ရပါတယ် နီးနီး​လေးပဲကို'

မာန်-'မရပါဘူး

​​မေ-'ဝင်ဦး​လေ'

မာန်-'မဝင်​​တော့ပါဘူး ​နောင်လည်းလာဦးမှာပဲ အဲ့ကြမှပဲဝင်​တော့မယ်'

​မေ-'​နောင်ကျရင် ​ခေါ်မယ်လို့ ဘယ်သူက​ပြောလို့တုန်း'

မာန်-'တီချယ်​နော် တီချယ်​ပြော​တော့ ည​နေကျရင်လာခဲ့ဆို'

​​​မေ-'ဟုတ်ပါပြီ အဲ့နှုတ်ခမ်းကြီးက ​ထော်မ​နေပါနဲ့ ကြည့်မ​ကောင်းပါဘူး'

မာန်-'အဲ့ဒါဆိုလည်း မ​နေ​တော့ဘူး သွား​​တော့မယ်'

​မေ-'ဟိတ် စိတ်​ကောက်တာလား ​ကောက်ရင်လည်း တစ်​ယောက်တည်း ​ပြေရမှာ​နော် ဒီကမ​​​ချော့တတ်ဘူး'

မာန်-'အကြီးဆိုပြီး အနိုင်ကျင့်တာ မုန်းစရာကြီး ဟွန့်'

​မေ-'ဒီတစ်ခါ​တော့ မကြားချင်​ယောင်​ဆောင်​ပေးလိုက်ပါ့မယ်​နော်'

.......................................

မာန်-'မမ​ရေ တံခါးလာဖွင့်​ပေးဦး'

လင်း-'ဪ​ရောက်လာသားပဲ ငါကအ​ပေါ်ထပ်မှာပဲ အိပ်​တော့မယ်ထင်​နေတာ'

မာန်-'ဟီး အဲ့လိုကြီးမဲ့ရွဲ့မ​နေပါနဲ့ အစတည်းကမ​ချောပါဘူးဆို ကြည့်ရဆိုး​​အောင်'

🤍MAY🤍Where stories live. Discover now