Part~1~

865 12 0
                                    

ပညာ​ရေး​ကောလိပ်ဆိုတဲ့ ကျမတို့​လို ကျောင်းသား၊​ကျောင်းသူ​တွေ​က​တော့ ပိတ်ရက်ပြီးလို့ ပြန်​ရောက်လာပြန်ပြီ​လေ။ ​လေးနှစ်သင်ကို​ပြောင်းလိုက်တာ​ကြောင့် ပျင်း​အောင်တက်ရမှာ​​ပေါ့။ အတန်းသစ်မဟုတ်လို့ ​ကျောင်းအပ်စရာမလိုတာ​ကြောင့် အ​ဆောင်ကိုပဲတန်းသွားလိုက်တယ်။

အ​ဆောင်​ရှေ့မှာ အရင်​တွေ့လိုက်ရတာက ကျမကို စိတ်ရှည်ရှည်​စောင့်​နေတဲ့ သူငယ်ချင်း​တွေ ​သော်တာ၊​ရွှေစင်နဲ့ မြတ်​လေးတို့ သုံး​​ယောက်

မြတ်​လေး-'မာန်ရယ်ကြာလိုက်တာ ဘာ​တွေလုပ်​နေလို့တုန်း'

မာန်-'ငါ့အကိုမင်္ဂလာ​ဆောင်ဝင်​နေလို့ အခန်းက ယူပြီးပြီလား'

​ရွှေစင်-'မယူရ​သေးဘူး နင့်ကို​​စောင့်​နေတာ​လေ'

​​သော်တာ-'ဟဲ့ လာ​လေ အခန်းသွားယူမယ် ပြီးမှ​​ပြောကြပါ​တော့ နင်တို့​တွေ ​လေးလ​တောင်မ​တွေ့ချင်လည်း​တွေ့​နေရမှာ'

မာန်-'​အေးပါ ဝင်မယ်'

​ကျောင်းသူလက်ခံ​နေတဲ့ အ​ဆောင်မှူးကို ကြည့်လိုက်​တော့ ကျမတို့ကို သင်္ချာသင်တဲ့ တီချယ်​လေး​ဒေါ်​​​နွေးသဒ္ဓါ​မေပဲ ​တီချယ့်ကိုကြည့်လိုက်​တော့ အရင်သတိထားမိတာ မျက်မှန်လဲထားတာပဲ အရင်က​လေး​ထောင့်ကျကျ မှန်​​သေး​​လေးနဲ့​​လေ

မာန်-'တီချယ် သမီးတို့ကို​လေ ​လေး​ယောက်တစ်ခန်းထားလို့မရဘူးလားဟင်'

အ​ဆောင်မှာက​ လေး​ယောက်ခန်းနဲ့ နှစ်​ယောက်ခန်း​ပဲရှိတာ​လေ ခုနှစ်က 1-1(ပထမနှစ်-ပထမနှစ်ဝက်)​လေး​တွေ အသစ်လာ​​တော့ ​အကြီး​တွေနဲ့အငယ်​တွေကို ​ပေါင်းထားမှာ​လေ အဲ့ဒါ​ကြောင့် ​လေး​ယောက်​နေလို့ရ​အောင် ​ပြော​နေရတာ

​​မေ-'ဟယ် သမီးတို့ရယ် တီချယ်က​လေ အဲ့လို​ပေးလိုက်လို့မရဘူး တီချယ်ကြီးတို့က အခန်း​တွေကို စီစဥ်ထားပြီးသား'

မာန်-'လုပ်ပါ တီချယ်ရယ် သမီးတို့က​လေ နယ်မတူတာ​တောင် စုပြီးလာရတာမလို့ပါ ​​​​နော် တီချယ်'

🤍MAY🤍Where stories live. Discover now