မာန့်အတွက်က ဘာမှမဖြစ်ပေမယ့် တီချယ်လေးအတွက်ကိုတော့ မာန်စဥ်းစားပေးရမယ်လေ
မာန်-'သမီးအတွက်ကလေ အဝေးကနေပဲ ချစ်နေရလည်း ရတာမလို့ မပိုင်ဆိုင်ရရင်တောင် အချစ်တွေအများကြီးပေးနိုင်တာမလို့ မဖြစ်မနေကြီး မာန့်ဘဝထဲဝင်လာပေးဖို့ မလိုပါဘူးတီချယ်'
မေ-'ဒါပေမဲ့ တီချယ်က!....'
မာန်-'ရှူး မာန့်စကားကို ဆုံးအောင်နားထောင်ပါဦး တီချယ်'
မေ့ဘက်ကိုလှည့်လာပြီး မေ့နှုတ်ခမ်းပေါ် ကန့်လန့်ဖြတ်တင်လာတဲ့ ကလေးငယ်ရဲ့ လက်ညှိုးနဲ့ ထွက်ပေါ်လာတဲ့ စကားသံတစ်ချို့
မာန်-'တီချယ်ကလေ သမီးအတွက်တော့ လှမ်းပြီးခူးဆွတ်လို့မရတဲ့ အမြင့်ကြီးမှာရှိနေတဲ့ ကြယ်လေးလိုပဲ အဲ့ဒါကြောင့် သမီးက တီချယ်ကို အပြစ်ကင်းကင်းလေးပဲ တောက်ပနေစေချင်တာ သမီးကြောင့်...... သမီးကြောင့်နဲ့ တီချယ့်ကို လူကြားထဲ အပြောမခံနိုင်ဘူး လူပဲလေ ကိုယ်ချစ်ရတဲ့သူကို ပိုင်ဆိုင်ချင်တာပေါ့ ဒါပေမဲ့လေ တီချယ်ရယ်'
သူ့အတွက်ထက် မေ့အတွက်ကို အများကြီးတွေးပေးပြီး
လူကြီးလေးလို ရင့်ကျက်နေတဲ့ ကလေးငယ်ကို ရင်ခွင်ထဲသွင်းပြီးမေ-'ကလေးငယ်ရယ် တီချယ့်အတွက်က အဲ့ဒါတွေမလိုပါဘူး အဓိကက တီချယ့်ဘေးမှာ ကလေးရှိနေပေးဖို့ပါပဲ ကလေးက တီချယ့်အပိုင်ဆိုတာကို အားလုံးကို ပြောချင်တာမလို့ အဲ့လိုပြောနိုင်အောင်လည်း တီချယ်က လုပ်မှာမလို့ ကလေးငယ်ဘက်ကပဲ စိတ်ရှည်ရှည်နဲ့ စောင့်နေပေးပါ'
မေ-'အရာအားလုံးကို နှလုံးသားနဲ့ ဦးနှောက်နှစ်ခုလုံးနဲ့ ချိန်ထိုးပြီး စစ်ဆေးကြည့်ပြီးပြီကလေး နှလုံးသားဘက်က အပြည့်အဝအနိုင်ရပြီးပြီမလို့ အဲ့လိုတွေတွေးပြီး ပူမနေပါနဲ့လားကလေးရယ်'
တီချယ့်ရဲ့ ရင်ခွင်ကို မျက်နှာအပ်လို့ ခါးထက်ကလက်ကို တင်းတင်းထားပြီး
မာန်-'တွေးပူနေတာမဟုတ်ရပါဘူး တီချယ်ရယ် ဖြစ်နိုင်တာကိုပြောပြတာပါ'

YOU ARE READING
🤍MAY🤍
Romanceတီချယ်လေးကသာ မာန့်ဘဝရဲ့ အရာရာပါ တီချယ်လေးရဲ့ အပြုံးတစ်ပွင့်ကြောင့် မာန့်ကမ္ဘာလေး လှပနေနိုင်သလို တီချယ်လေးကြောင့်ပဲ မာန့်ကမ္ဘာက အမှောင်ဖုံးသွားနိုင်ပါတယ်