Part~13~

180 6 0
                                    

တကယ်တော့ မေဒီညအိပ်မပျော်ပါ စဥ်းစားမိတိုင်း ဘေဘီ့အပေါ်ကို အမှားကြီးလုပ်နေမိပြီလားလို့ တွေးမိတယ် ရင်ခွင်ထဲမှာ အပစ်ကင်းကင်းအိပ်ပျော်နေတဲ့ ဘေဘီကရော အဲ့တာတွေကိုသာ သိရင်ဆက်ပြီး ချစ်ပေးနိုင်ပါ့မလား ဘေဘီပြောခဲ့သလိုပဲ အဝေးကိုထွက်သွားမှာလား မေ့ရဲ့ အရှေ့ကို ပြန်ရောက်လာတဲ့ အတိတ်က သူမရဲ့မျက်နှာ မေ့ရဲ့ ငယ်ရွယ်စဥ်အချိန်မှာ တွေ့ခဲ့ပြီး စွဲလန်းခဲ့ရတဲ့ အချစ်တစ်ခု အချိန်တော်တော်ကြာ ရူးသွပ်ခဲ့ရတဲ့သူမ ဒယ်ဒီနဲ့တောင် အတိုက်အခံလုပ်ရဲတဲ့အထိ ရလာတဲ့ သတ္တိတွေကို ပေးခဲ့တဲ့သူမက အခုတော့ ဘာကြောင့်များ မေ့ရဲ့ရှေ့ကို ပြန်ပေါ်လာရသလဲ ဘေဘီ့ကိုချစ်ပေးဖို့ပဲ တွေးနေမိတဲ့ အချိန် သူမဆိုတာကို မေ့ပျောက်နေပြီဆိုတဲ့ အချိန်ကျမှ ဘာလို့ ပြန်ပေါ်လာရတာလဲ သူကြောင့်နဲ့ မေ့ရဲ့အချိန်တော်တော်များများမှာ လမ်းပျောက်ခဲ့ရတာ အဲ့တာကြောင့်ပဲ ဒယ်ဒီက စိတ်အဆင်ပြေစေရာကို လိုက်လျောပေးခဲ့တာ ဘေဘီနဲ့အတူ ရှင်သန်ဖို့ကို လမ်းတွေဖောက်ပြီးတဲ့ အချိန်ကျမှ ဘာလို့ ပြန်လာရတာလဲ

.........................................

လွန်ခဲ့သော(2)ရက်က-

မေဌာနမှာ အခန်းမစောင့်ရလို့ activities အမှတ်တွေကို ဖြည့်နေတဲ့အချိန် စာရွက်တွေကို နေရာတကျပြန်စီဖို့ စာရွက်တွေထည့်တဲ့ ဗီဒိုဆီကို အသွား မေ့ကို ခေါ်လိုက်တဲ့နာမ်စားတစ်ခုကြောင့် လက်ထဲက စာရွက်တွေတောင် လွှတ်ချမိတော့မလို မနဲထိန်းထားရတယ်

လဲ့-'မ'

သေချာပါတယ် ဒီအသံနဲ့ ဒီနာမ်စား ဘယ်ချိန်ဖြစ်ဖြစ်မှတ်မိတဲ့ ဒီအသံချက်ချင်းဆိုသလို နောက်ကျောဘက်က ခံစားလိုက်ရတဲ့ အနွေးဓါတ် မေ့ကိုသိုင်းဖက်လိုက်တဲ့ ဒီအငွေ့အသက် ခါးရှေ့ကို ရောက်လာတဲ့ တစ်ချိန်က ဆုပ်ကိုင်ခဲ့သလို လွှတ်ချခဲ့ဖူးတဲ့ ဒီလက်တစ်စုံ

မေ-'လဲ့ရည်'

လဲ့-'ဟုတ်တယ် မ,က လဲ့အသံကို မှတ်မိနေသေးတာပဲ'

မေ-'ဘာကိစ္စရှိလို့လဲ လဲ့ရည် တို့ကိုဖက်ထားတာလွှတ်ပါ အခြားသူတွေ မြင်ကုန်ရင် မကောင်းဘူး'

🤍MAY🤍Where stories live. Discover now