Part~5~

210 6 0
                                    

အခုမှ ခဏခဏ​ရောက်ဖြစ်​နေတဲ့ လမ်းမကြီးက ပိုလှ​နေသလို လမ်း​ဘေးဆိုင်​လေး​တွေက မိုးမလင်း​သေးလို့ ဖွင့်ထားတဲ့ မီးလုံး​လေး​တွေက ပိုပြီး ​အ​ရောင်စုံနေသလိုကား​ပေါ်မှာ နား​ထောင်လာတဲ့ ခင်​မောင်တိုးရဲ့ သီချင်း​လေး​တွေကပဲ ပိုပြီးအသက်ဝင်​နေသလို အရာရာက ခုချိန်မှာ မာန့်အတွက်​တော့ ​ပျော်စရာ​တွေနဲ့ ပြည့်​နေတဲ့ မာန့်တစ်​ယောက်တည်းအတွက် သီးခြားကမ္ဘာ​တစ်ခုလိုဖြစ်​နေတယ် ထင်​နေရင် မာန်လွန်ရာကျသွားမလား ခုချိန်မှာ မာန်အားလုံးကို ​မေ့ထားလိုက်တာ မာန့်အတွက် တီချယ်​လေးနဲ့အတူ ​ပျော်စရာ အခိုက်အတန့်​လေးကိုပဲ ​တွေးမိ​နေတာ

မာန်-💬တီချယ်​လေး​ရေ💬

မာန်-💬သမီးတီချယ်​လေးနဲ့ ကားအတူတူပဲ ​နောက်မှာ💬

​မေ-💬ဟုတ်လား ဒီက​နေမမြင်ရဘူး💬

မာန်-💬ကား​ပေါ်ကဆင်းရင်​ သမီးပြောထားတာကို မ​မေ့နဲ့​နော်💬

​မေ-💬အင်းပါ မ​မေ့ပါဘူး💬

လမ်း​ပေါ်မှာ ကားမရှိလို့ ​​စောင့်စရာမလိုဘဲ တရစပ်​မောင်း​နေတဲ့ ကားကပဲ ခုချိန်မှာ ​နှေး​နေတယ် ထင်ရတယ် မာန့်စိတ်ထဲမှာ တီချယ်​လေးနဲ့ ​အတူဖြတ်သန်းရမယ့် အချိန်ခဏ​လေးအတွက် ​​တော်​တော်ကို စိတ်လှုပ်
ရှား​နေတာကို တီချယ်​လေးများ သိရင် ​လှောင်ရယ်ချင်​နေမလား​တော့မသိ​ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် မာန်က​တော့ ​ပျော်တယ်

​မြတ်​လေး-'ဟဲ့မာန် နင်တစ်​ယောက်တည်း ဘာ​​တွေဖြစ်​နေတာလဲ ဂနာကိုမငြိမ်ဘူး'

​ရွှေစင်-'နင်တို့မှမသိတာ အ​ပျော်လုံးဆို့​နေတာ ခုချိန်​သေရင်​တောင်ကျွတ်မှာ မဟုတ်ဘူးမာန်က'

မာန်-'ဟဲ့မဟုတ်တာ​တွေ မ​ပြောနဲ့​နော် ကားစီး​နေရတာ'

​​သော်တာ-'ငါ​တော့မြင်​​ယောင်တယ်​​​နော် ကား​ပေါ်ကဆင်းတာနဲ့ မာန့်ကိုရှာလို့ရ​တော့မှာ မဟုတ်တာကို ငြိမ်ငြိမ်​​​လေး​နေပါ မာန်ရယ်'

မာန်-'​အေးပါ နင်တို့ကလည်း ငါ့ကိုဆို ​ပြောဖို့ပဲ ​စောင့်​နေကြလား ထင်ရတယ်'

🤍MAY🤍Where stories live. Discover now