နောက်နေ့မနက် မာန်အိပ်နေတုန်း ဖုန်းလာလို့ဆိုပြီး မထချင်တာနဲ့ မကိုင်ပဲထားလိုက်တာ အာကာဆက်တာ မဟုတ်ရင် ရွှေစင်ဖြစ်မယ် မာန်ညကပြန်ရောက်တော့ စိတ်ရှုပ်နေတာနဲ့ သူတို့ကို ရောက်ပြီလို့တောင် လှမ်းမပြောနိုင်ဘူးလေ နာရီကြည့်လိုက်တော့ (6:30)amတဲ့အဲ့တာနဲ့ပြန်အိပ်ဖို့လုပ်မှ ဖုန်းကထပ်လာတယ်
နာမည်ကလည်း မမှတ်ထားတော့ အာကာတစ်ယောက် သူများအိပ်နေတာကို ဖျက်လိုဖျက်စီးလုပ်နေတာလို့ ထင်လိုက်တာ တကယ်အကျင့်မကောင်းတဲ့ကောင်မာန်-'ဘာလဲအာကာရယ် ငါအိပ်နေတုန်းရှိသေးတယ် ပြီးမှပြန်ဆက်မယ်'
မေ-'အိပ်နေတုန်းလား အပျင်းကြီးလိုက်တာ'
မာန်လည်း တီချယ်လေးအသံမှန်း သိတော့မှ အိပ်ချင်စိတ်တွေပါပျောက်ပြီး မျက်လုံးတွေပါကျယ်သွားတယ်
မာန်-'အော် တီချယ်လား'
မေ-'အမလေး ဟုတ်ပါတယ်ရှင် ညကစာပို့ထားလို့လေ'
မာန်-'အာ ဟုတ် တီချယ့်ကို ဖုန်းဆက်တာမအားဘူး ဆိုလို့ စာပို့လိုက်တာ'
မေ-'အော် မေမေနဲ့ပြောနေတဲ့ အချိန်မလို့ ထင်တယ်'
မာန်-'ဟုတ်'
မေ-'အင်း........ အဲ့တာဆို တီချယ်ဖုန်းချလိုက်တော့မယ်နော်'
မာန်-'ဟုတ်ကဲ့တီချယ်'
မာန်လည်း မအိပ်ချင်တော့တာနဲ့ တစ်ခါတည်းအိပ်ရာသိမ်းပြီး အပြင်ထွက်လာလိုက်တယ်
မာန်စဥ်းစားမိတယ် မာန်ကလေ ရေအိုင်ထဲမှာရှိတဲ့ လမင်းကြီးကို လိုချင်နေတဲ့အရူးတစ်ယောက်လိုများ ဖြစ်နေပြီလားလို့လေ မာန်ဘာကိုမှဆက်မဖြစ်ချင်ဘူး ဒီတိုင်းလေးပဲ ဒီလိုအခြေအနေလေးအတိုင်းပဲ ဆက်ရှိချင်တာ ဆက်ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း မာန်မသိချင်ဘူး............................................
ပြန်ရတော့မှာမလို့ ဖေဖေနဲ့မေမေကို ကန်တော့ရင်း မေမေ့ရဲ့သြဝါဒတွေကို နာခံနေရတယ်
YOU ARE READING
🤍MAY🤍
Romanceတီချယ်လေးကသာ မာန့်ဘဝရဲ့ အရာရာပါ တီချယ်လေးရဲ့ အပြုံးတစ်ပွင့်ကြောင့် မာန့်ကမ္ဘာလေး လှပနေနိုင်သလို တီချယ်လေးကြောင့်ပဲ မာန့်ကမ္ဘာက အမှောင်ဖုံးသွားနိုင်ပါတယ်