Part~9~

150 4 0
                                    

မေတကယ်တော့ ဒီကလေးကို စ,ချင်လို့သာ ပြောလိုက်တာပါ အဲ့ဒါကို မျက်နှာတွေနီပြီး ရှက်နေတော့ အသည်းတွေယားလာလို့ တကယ်နမ်းခိုင်းလိုက်တာ တကယ်ကိုချစ်စရာလေးပါ

မာန်-'ပြန်တော့မယ်နော် တီချယ်ကလေ'

မေ-'တီချယ်ကဘာဖြစ်လဲ ပြောလေ'

မာန်-'ဘာမှမဟုတ်ဘူး တော်ပြီသွားတော့မယ် နောက်တစ်ခါ အခန်းကိုလာခဲ့ဆိုလည်း မလာတော့ဘူး သွားတော့မယ်'

မေ-'ဟော အဲ့လိုတော့မလုပ်နဲ့လေ တီချယ်က စ,တဲ့ဟာကို'

မာန်-'အွန်း...သွားတော့မယ်'

....................................................

မာန်ဒီနေ့ နဲနဲတော့စိတ်လှုပ်ရှားတယ် တီချယ့်အခန်းကို သွားရမှာမလို့ စိတ်ကလည်း ကျောင်းလွှတ်ချိန်ကို မသိမသာမျှော်နေတာ နောက်ဆုံးတော့ ကျောင်းလွှတ်ချိန်ကို ရောက်လာပါပြီ အဲ့တာနဲ့ တီချယ့်ဆီကို တန်းသွားမယ်ဆိုတော့ ထက်မြက်ကရောက်လာပြီး

ထက်မြက်-'ဟဲ့ မာန်'

မာန်-'ဟင် ဪထက်မြက် ဘာလဲ'

ထက်မြက်-'အဲ့တာက ငါမနက်ကကြားတာ လူရွေးပွဲမှာက ကိုယ့်ဘာသာမိတ်ဆက်တာကို ကာရံစပ်ပြီး ပြောရမှာတဲ့ အဲ့ဒါလေ ငါတို့အတူရေးကြမလားလို့ တစ်ယောက်တည်းရေးတာထက် နှစ်ယောက်ရေးတော့ ပိုမကောင်းဘူးလားလိူ့ပါ'

မာန်-'ဪ အေးရေးမယ်လေ ငါလည်းရှာတော့ရှာထားတယ်'

ထက်မြက်-'အေး အဲ့တာပြောမလို့'

မာန်-'ok နင်ထမင်းမစားဘူးလား'

ထက်မြက်-'စားမှာ ကန်တင်းသွားမလို့လေ'

မာန်-'အွန်း'

မေ-'မာန် တို့အဆောင်ကို သွားရမှာမလား လာအတူသွားမယ်'

တီချယ်က ဘယ်ချိန်ရောက်လာတာလဲ မသိဘူး ပြောပြီးတယ်ဆိုချက်ချင်း မာန့်ရဲ့လက်ကိုဆွဲပြီး ထွက်လာ

မာန်-'အော် ထက်မြက်ငါတီချယ့် အခန်းကိုသွားစရာရှိလို့ သွားနှင့်တော့မယ်နော်'

🤍MAY🤍Where stories live. Discover now