စာသင်နှစ်တစ်နှစ်တောင် ပြီးဆုံးတော့မှာပဲ ဒီစာသင်နှစ်က မာန့်အတွက်ပြောင်းလဲမှုတွေ အများကြီးဖြစ်သွားတာပါ မာန်ချစ်ရတဲ့ တီချယ်နဲ့ ပျော်ရတယ် ကျပန်းပြိုင်ပွဲမှာလည်း ဒုတိယဆုရပြီး ဆရာမတွေနဲ့ တော်တော်လေးကို ရင်းနှီးသွားတယ် အဲ့တာကြောင့်ပဲလားမသိ တီချယ်ကလည်း မာန့်ကို သဝန်တိုမှုအပေါင်းနဲ့ တစ်နေ့တစ်မျိုးမရိုးရအောင် စိတ်ကောက်တတ်သေးတာ ထက်မြက်နဲ့ဆိုရင်လည်း နဲနဲလေးမှ စိတ်မချတာ နောက်ပိုင်း ကျပန်းအတွက်လေ့ကျင့်တော့လည်း စာသင်ချိန်မရှိရင် မြန်မာစာဌာနဘေးကအခန်းလွတ်မှာ လာထိုင်နေသေးတာ မာန့်ကို ထက်မြက်ကလုနေမှာစိုးလို့တဲ့လေ ခုလည်း အိမ်ပြန်ရင်လိုက်ချင်တယ် ပြောနေလို့ လိုက်ရအောင်လည်း တီချယ်က စာစစ်ရဦးမှာ အချိန်မှညှိလို့မရတာကို မခေါ်ချင်လို့ ဆိုပြီးစိတ်ကောက်နေလေရဲ့
မာန်-'တီချယ်ကလည်း သမီးက စောပြန်ရမှာလေ တီချယ်ကစာစစ်ရဦးမှာမလား မအားဘူးလေ'
မေ-'ရတယ်လို့ တို့ပြီးအောင်စစ်မှာပါဆို တို့လုပ်စရာရှိတာကို ပြီးအောင်လုပ်ထားမယ် တို့ပြောပြီးသားနော် မရဘူး ဘေဘီနဲ့လိုက်ခဲ့မှာပဲ ဘာလဲ ဘေဘီက မခေါ်ချင်တာလား ဟိုမှာ အဆက်တွေရှိနေလို့လား တီချယ့်ကိုမချစ်လို့လား'
မာန်-'အာ...တီချယ်ကလည်း ဘာမှမဟုတ်ဘူး ထင်ရာတွေမပြောနဲ့..... ပြီးရော ပြီးရော ဒါပေမဲ့မေမေ့ကို ကြိုပြောရဦးမယ်'
မေ-'အွန်းရတယ် တို့ပြောရမလား ယောက္ခမကြီးက တို့ကိုပိုချစ်တာလည်း ဖြစ်နိုင်ပါပဲ'
မာန်-'ဟာ တီချယ်နော် သူများအမေကိုများ တင်တင်စီးစီး ယောက္ခမတဲ့'
မေ-'မဟုတ်လို့လား နောက်လည်းတော်ရမှာကို'
မာန်-'ဟွန့်....'
မေ-'စာမေးပွဲပြီးတဲ့ နောက်နေ့မှ ပြန်ရအောင်လေ တို့အဆောင်လူစာရင်းက ပို့ရဦးမှာဆိုတော့'
မာန်-'သဘော'
..............................................
စာမေးပွဲကြီး ပြီးတော့မှာဆိုတော့လည်း စိတ်ထဲကိုပေါ့နေတာပဲ စာမေးပွဲပြီးနောက်မနက်မှပြန်မှာ ဆိုတော့ အထုပ်တွေကို အဲ့ညနေမှပဲ သေချာထည့်တော့မယ် ခုကစာကျက်နေရင်း ပျင်းလာလို့ စာတွေကရနေလို့လည်း ပါတယ် 4ယောက်လက်ဖက်သုပ်စားရင်း စကားပြောနေတာ
YOU ARE READING
🤍MAY🤍
Romanceတီချယ်လေးကသာ မာန့်ဘဝရဲ့ အရာရာပါ တီချယ်လေးရဲ့ အပြုံးတစ်ပွင့်ကြောင့် မာန့်ကမ္ဘာလေး လှပနေနိုင်သလို တီချယ်လေးကြောင့်ပဲ မာန့်ကမ္ဘာက အမှောင်ဖုံးသွားနိုင်ပါတယ်