Part~8~

178 8 0
                                    

မြန်မာအချိန်အတန်းမဝင်လို့ အားလုံးက လုပ်စရာရှိတာတွေလုပ်နေချိန်(စကားများတာပါ) 3-1ကအကိုကြီးတစ်ယောက်က ဝင်လာပြီး

*-'ခနလေးပါနော် ဒီနှစ်မှာ မြန်မာစာစွမ်းရည်အတွက် ကျပန်းပြိုင်ပွဲကျင်းပဖို့ရှိပါတယ် အဲ့တာကို စိတ်ဝင်စားလို့ပြိုင်ချင်တဲ့သူတွေက ECဆီမှာ စာရင်းပေးထားပါ လူရွေးပွဲကို (6)ရက်နေ့လုပ်မယ်လို့ ပြောပါတယ် ကျန်တာတွေကို တီချယ်ကပြောပေးမှာပါ အဲ့တာလေးပြောချင်လို့ပါ'

အဲ့အကိုကြီးထွက်သွားတော့မှ ယောကျ်ားလေးECကထပြီး

EC-'ကဲဘယ်သူတွေပြိုင်ချင်လဲ ငါ့ဆီစာရင်းလာပေးမယ်နော်'

*-'ဟဲ့နင်ပြိုင်လိုက်ပါလား'

EC-'Noပါ ငါကအတန်းအတွက်အလုပ်တွေ လုပ်ပေးရမှာမလို့ အဲ့တာအတွက်အချိန်မပေးနိုင်ဘူးဟ'

All-'ဟား......'

EC-'ဒါပေမဲ့ ယောကျ်ားလေးတစ်ယောက် မိန်းကလေးတစ်ယောက်လောက်တော့ အနည်းဆုံးပါပေးပါ အွန်း... ယောက်ျားလေးထဲက ဟေ့ကောင် ထက်မြက်မင်းဝင်ပြိုင်ပါလား မိန်းကလေးထဲကတော့ ငါတို့ရဲ့ECလေး မာန်နင်ဝင်ပြိုင်ပါလားဟ နင်တို့နှစ်ယောက်ဆို ကွက်တိ ငါတို့အတန်းက ဆုချိတ်မှာဟ'

မာန်-'အပိုတွေပြောပြန်ပြီ ဟဲ့ထက်မြက် နင်ပြိုင်မှာလား အဖော်ရှိရင် ငါပြိုင်မလို့'

ထက်မြက်-'အေး ပြိုင်မလို့စဥ်းစားနေတာ အေးအေး ငါလည်းပြိုင်မယ် တီချယ့်ကိုပြောလိုက်ECအထီး ငါတို့(B)ခန်းက လက်ရွေးစင်တွေ ထုတ်ပြီးသားလို့ ဟဲဟဲ'
(Tia တို့ကျောင်းမှာက ECတွေကို အထီးနဲ့အမဆိုပြီး အမြဲနောက်နေကျမလို့ အဲ့လိုပဲထည့်ရေးလိုက်တာပါနော်)

မာန်ကအရေးအသားဆို မသေချာပေမယ့် အပြောစွမ်းရည်တော့ ကိုယ့်ကိုယ်ကိုယုံကြည်တာမလို့ တစ်ခါလောက်တော့ဝင်ပြိုင်ကြည့်တာပါ လူရွေးပွဲမှာပါရင်လည်း ဆက်လုပ်ရမှာပေါ့ မပါတော့လည်း အတွေ့အကြုံရတာပေါ့လို့တွေးပြီး ပြိုင်လိုက်တာပါ မေမေ့ကို ဖုန်းဆက်ပြီးလှမ်းပြောရဦးမှာပဲ

📞-'မေမေ ပြောစရာရှိလို့အားလား'

📞-'အွန်း အားတယ်သမီးကြီး ဘာပြောမလို့လဲပြောလေ'

🤍MAY🤍Where stories live. Discover now