ကျမမှာ အကျင့်တစ်ခုရှိတယ် ကျမသဘောကျပြီဆိုရင် သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို လိုက်ရှာပြီး မှတ်ထားတတ်တာပါ အဲ့တာကြောင့်ခုလည်း တီချယ်လေးရဲ့Fb accထဲကိုဝင်ပြီး မွေးနေ့၊ တီချယ်လေးရဲ့ဇာတိနဲ့ တက်ခဲ့တဲ့ကျောင်းတွေကို လိုက်ကြည့်နေတာ အဲ့တာနဲ့ တီချယ်လေး ဘွဲ့ယူတုန်းက ပုံတွေကိုတွေ့လို့ saveထားလိုက်သေးတယ် အဲ့တုန်းထဲက တီချယ်လေးက ရုပ်မပြောင်းတာ အရင်တုန်းက ပုံစံလေးအတိုင်းပဲ ဓါတ်ပုံထဲမှာ မျက်နှာဝိုင်းဝိုင်းလေးပေါ်မှာ နဖူးလေးကိုဝှက်ပေးထားတဲ့ ဆံမြိတ်လေး(တီချယ်လေးတို့ကတော့ ဆံရစ်တဲ့လေ)ရယ် အမြဲခပ်တည်တည်နေတတ်တဲ့ တီချယ်လေးရဲ့ မျက်နှာပေါ်မှာ ရောက်နေတဲ့ အပြုံးလေးရယ်နဲ့တကယ့်ကို Baby faceလေး တော်တော်ကြာအောင် တီချယ်လေးရဲ့ accထဲကို မွှေနှောက်ပြီးတော့မှ အိပ်ဖို့ပြင်လိုက်တယ် အိပ်မက်ထဲမှာတောင် တီချယ်လေးနဲ့အတူ ထိုင်ခုံလေးတစ်ခုမှာ စကားတွေပြောနေကြတာ တီချယ်လေးရဲ့မြင်ရခဲလှတဲ့ အပြုံးလေးနဲ့အတူပေါ့လေ
.........................................
ဒီနေ့ရေးခိုင်းထားတဲ့ သင်္ချာ Reflective journal တွေကို ဌာနမှာသွားထပ်ပေးရမှာ တီချယ်အေးက မိန်းကလေးECက လာထပ်ပေးပါဆိုလို့လေ နေ့လည်ထမင်းစားချိန်သွားထပ်ရမှာ ဆိုတော့ ရွှေစင့်ကိုထမင်းဝယ်ခိုင်းလိုက်ပြီး တစ်ယောက်တည်း ဌာနကို သွားရမှာ
သင်္ချာဌာနကိုရောက်လို့ ကြည့်လိုက်တော့ ဌာနထဲမှာ တီချယ်လေးတစ်ယောက်တည်း စာပို့နေပုံရတယ် ဖုန်းကိုစိုက်ကြည့်ပြီး စာတွေအသဲအသန် ရိုက်နေတာလေ
!ဒေါက် ဒေါက်!
'တီချယ်ဝင်ခွင့်ပြုပါ'
'အော်အေး ဝင်ခဲ့လေ ဘာလာလုပ်တာတုန်း'
'ဟို တီချယ်ကြီးကRJတွေ ထပ်ခိုင်းထားလို့ပါ တီချယ် ဘယ်မှာထားခဲ့ရမလဲဟင်'
'အဲ့ခုံပေါ်တင်ထားခဲ့ အဲ့တာတီချယ်အေးရဲ့ ခုံ'

YOU ARE READING
🤍MAY🤍
Romanceတီချယ်လေးကသာ မာန့်ဘဝရဲ့ အရာရာပါ တီချယ်လေးရဲ့ အပြုံးတစ်ပွင့်ကြောင့် မာန့်ကမ္ဘာလေး လှပနေနိုင်သလို တီချယ်လေးကြောင့်ပဲ မာန့်ကမ္ဘာက အမှောင်ဖုံးသွားနိုင်ပါတယ်