လူတစ်ယောက်ကို
ဒီတိုင်းလေး ချစ်နေရတာကို
သဘောကျတယ် ...တကူးတကကြီးမြဲအောင်
ဘာနဲ့မှ မချည်ချင်တော့သလို
ဘယ် ဆက်ဆံရေးကိုမှ
ကိုယ့်ဖက်ကပဲ လုပ်မယူချင်တော့ဘူးဒီတိုင်းလေးပေါ့ ...
ငါတို့တွေ ချစ်နေကြတယ်
ပြီးတော့
အတိတ်ကို ပြန်လှည့်ကြည့်တိုင်း
ငါတို့တွေ ချစ်ခဲ့ကြတယ်ဆိုတဲ့
အမှတ်တရတွေပဲ ရှိချင်တယ် ...#ကျေးကို
မာန်အဲ့စာလေးကို ကြည့်ရင်တကယ်ပြုံးလိုက်မိတယ် မာန်ကလည်း တကယ် တီချယ်လေးအပေါ်ကို ဒီအတိုင်းလေးပဲချစ်နေမိတာပါ တီချယ့်ဘက်က မာန့်အပေါ်ကို ဘယ်လိုခံစားချက်မျိုးနဲ့ပဲ တုံ့ပြန်နေပါစေ မာန်ကတော့ တီချယ်လေးကိုချစ်တယ် အဲ့လိုမျိုးလေးပဲ တီချယ်လေးကို အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးချင်တာ တီချယ်လေးလိုအပ်တဲ့ အချိန်ဆို တီချယ့်အနားမှာ နေပြီး ဂရုစိုက်ပေးမယ် မလိုအပ်ဘူးဆိုရင် အဝေးကနေ တီချယ်လေးမသိအောင် ဂရုစိုက်ပေးမယ် အဲ့တာတီချယ်လေးအပေါ်ထားတဲ့ မာန့်ရဲ့အချစ်ပဲ
...........................................
ရွှေစင်-'နင်ဒီအပတ်ပြန်မှာလား'
မာန်-'အင်း ပြန်မှာ ရောက်ကတည်းက တစ်ခါမှမပြန်ရသေးဘူးလေ'
ရွှေစင်-'တစ်ယောက်တည်း ပြန်မှာလား'
မာန်-'ဟင့်အင်း အာကာနဲ့အတူပြန်မှာ'
ရွှေစင်-'အော်....'
မာန်-'နင်ငါ့ကို ပြောစရာရှိလို့လားဟင်'
ရွှေစင်-'အင်း မေးစရာရှိလို့ ငါ့ကိုစိတ်မဆိုးနဲ့နော်'
မာန်-'မေးပါဟဲ့ နင်ကလည်း'
ရွှေစင်-'အင်း နင်လေ ငါတို့အဆောင်မှူးကို ဟို.....'
မာန်-'အွန်း နင်တို့ထင်သလိုပါပဲ တကယ်တော့ငါလည်း မသိခဲဘူး ဒါပေမယ့်လေ ငါသိတဲ့အချိန်မှာ ငါ့စိတ်ထဲမှာ တီချယ်က တော်တော်နေရာယူပြီးနေပြီဟ'
YOU ARE READING
🤍MAY🤍
Romanceတီချယ်လေးကသာ မာန့်ဘဝရဲ့ အရာရာပါ တီချယ်လေးရဲ့ အပြုံးတစ်ပွင့်ကြောင့် မာန့်ကမ္ဘာလေး လှပနေနိုင်သလို တီချယ်လေးကြောင့်ပဲ မာန့်ကမ္ဘာက အမှောင်ဖုံးသွားနိုင်ပါတယ်