Part~11~

146 4 0
                                    

မာန်တို့နှစ်ယောက်လည်း တကယ်ကို ပတ်ဝန်းကျင်ကို မေ့နေတာ နောက်က အသံကြားမှ သတိဝင်လာပြီး တစ်ယောက်နဲ့တစ်ယောက်ခွာလိုက်ကြတာ

သဲ-'အယ် sorry ပါမမရယ် သဲကလေ မမရောက်နေတယ်ဆိုတော့ ဂျူတီပြီးတယ်ဆို ဝင်လာလိုက်တာ ခုပြန်ရမလား'

နောက်က အမကို ကြည့်လိုက်တော့ လက်ပေါ်မှာ ဂျူတီကုတ်လေးတင်ထားပြီး မြန်မာဝမ်းဆက်လေးနဲ့ တကယ်ကို ရင်ထဲအေးစရာလေး ဒါနဲ့တီချယ်နဲ့ ဘယ်လိုပတ်သက်တာလဲ

မေ-'အယ် သဲသဲရယ် အသံလေးဘာ​လေးပေးပြီး ဝင်မှပေါ့ဟဲ့ မမရဲ့ ဘေဘီလေးရှက်နေရော့မယ်'

သဲ-'ဟွန့် မမတို့များ ဖြစ်နေတာနော် သဲကအသံပေးပြီးမှ ဝင်တာပါနော် တံခါးရှေ့မှာ သွယ်လေးနဲ့ စကားပြောနေသေးတယ် မမတို့ကသာ ကိုယ့်အလုပ်နဲ့ ကိုယ်မလို့မကြားကြတာ သွယ်လေးရေ ဝင်ခဲ့တော့ နင်ပြောတည်းက ငါမဝင်မိရင်ကောင်းသား ခုတော့ ငါအမှားကိုဖြစ်လို့'

သွယ်လေး-'အဲ့တာကြောင့် မမမြတ်ကို ပြောသားပဲ မဝင်ပါနဲ့ဦးဆို မမမြတ်အတွက်လည်း ကော်ဖီယူခဲ့တယ်နော်'

မေ-'လာလေသဲသဲ လာထိုင် သွယ်လေးရေ စာရင်းတွေကတော့ ထားခဲ့တော့ ယူပဲသွားလိုက်တော့မယ် တို့လုပ်အားမှာမဟုတ်တော့ဘူး'

သွယ်လေး-'ဟုတ် မမ'

မာန်ခုထိဘာကိုမှ မသိသေးပါ နားမလည်ဘူး ဒီအမကရော ဘယ်သူလဲ တီချယ်နဲ့အရမ်းရင်းနှီးတာပဲ တကယ့်အချိန်မှရောက်လာရတယ်လို့ ရှက်ကလည်း ရှက်တယ် သူတို့ကလည်းဝိုင်းစ,နေတော့ မျက်နှာကိုဘယ်နားထားရမှန်းကို မသိဘူး

မေ-'အယ် ဘေဘီ ဒီမှာဘေဘီ့အတွက် ပြီးတော့မိတ်ဆက်ပေးမယ် ဒါကတို့ရဲ့ညီမလေး သဲမြတ်သဒ္ဒါတဲ့ ကလေးစိတ်မပျောက်တဲ့ ဒေါက်တာမကြီးပေါ့လေ သဲသဲဒါကတော့ မမရဲ့ ဘေဘီလေး သိမ့်ထက်မြက်မာန်တဲ့'

သဲ-'တွေ့ရတာဝမ်းသာပါတယ် ယောင်းမလေးရေ'

မာန်-'အာ ဟုတ် မာန်လည်းဝမ်းသာပါတယ် ဒါပေမဲ့နာမ်စားကြီးကတော့ တစ်မျိုးပဲ မာန်လို့ပဲခေါ်ပါနော် တကယ်နားမထောင်တတ်လို့'

သဲ-'ဟုတ်ပါပြီ ယောင်းမလေးကလည်း နောက်လည်း တော်ရမှာကို ဒါနဲ့မမ နင်က ကလေးကို ဘယ်လိုသိမ်းသွင်းလိုက်လဲ နင့်လက်ဆလည်း မသေးဘူးနော် ဟိုမှာနာနေတော့မယ် လည်ပင်းကို ပြီးမှ ဆေးထည့်ပေးရမယ်'

🤍MAY🤍Where stories live. Discover now