Part~14~

406 11 3
                                    

မာန်ဒီနေ့ မမဆီကို အဖော်သွားနေပေးမယ်လို့ အိမ်ကိုပြောပြီး မမဆီကို သွားမှာ တကယ်တော့ မမကို အပူကပ်ရတာပါ တီနွယ်ကနေတဆင့် မေမေ့ကို ပြောပေးရအောင်လို့ တကယ်တော့ မမဆီကို အဖော်သွားနေမှာက နည်းနည်း တီချယ့်ကို လွမ်းတာက များများပါ အဲ့တာကို သိလို့ မမကလည်း မာန့်ကို အမြင်တွေကတ်ပြီး ပြောနေတာ ရောက်တည်းကပဲ မပြီးနိုင်တော့ဘူး

မာန်-'မမကလည်း ငါကနင့်ကိုစိတ်ပူလို့ပါ ငါ့အစ်မတစ်ယောက်တည်း မတော်တာတွေနဲ့တွေ့နေရင် ဒုက္ဒလေ'

လင်း-'အပိုတွေသိပ်မပြောနဲ့ မာန်နင့်အကြောင်းငါသိတယ် နင်ငါ့ကိုအဖော်နေပေးချင်တာထက် မမနွေးဆီကိုလာချင်တာမလား'

မာန်-'မမကလည်းဟာ အဲ့ဒါလည်း ပါပေမယ့် ငါတကယ်နင့်ကိုစိတ်ပူလို့ပါဟ'

လင်း-'ဟွန်း သွားနင့်အထုပ်တွေကို တစ်ခါတည်းမမနွေးအခန်းကို သွားထား'

မာန်-'မမရယ် နင်အဲ့တာတွေကြောင့် အပျိုကြီးဖြစ်နေတာ သူတစ်ပါးချစ်ကြည်နူးမှာကို မနာလိုဖြစ်နေတာ'

လင်း-'ဟင်း...ငါအပျိုကြီးဖြစ်မယ်လို့ နင့်ကို ဘယ်သူပြောလဲ ဘယ်ပြောရမလဲ နင့်အရင် မင်္ဂလာဆောင်ရတာ ငါလည်း ဖြစ်နေနိုင်တယ်လေ အဟား'

မာန်-'ဟဲ့ မမ နင်ငါ့ကိုမှန်မှန်ပြော နင်ရီးစားရနေတာလား ကောင်လေးလား ချောလား ဘယ်ကလဲ ဘာလုပ်တာလဲ'

လင်း-'ဟဲ့ အော် ဖြည်းဖြည်းပေါ့ဟာ နောက်တော့သိမှာပေါ့ နင့်ကို အသိပေးမှာပါဟ'

မမရဲ့ဒီလိုရုပ်နဲ့ ဒီလိုခပ်ရွဲ့ရွဲ့အသံက မာန့်ကိုလှောင်ချင်နေသလို တကယ်မမက ရီးစားရသွားတာလား ခုတော့ မမအကြောင်းကို ခဏမေ့ပြီး တီချယ့်ဆီကို သွားရမယ် ခုချိန်လောက်ဆို အခန်းထဲမှာပဲရှိလောက်တယ် တီချယ်က မာန်တို့ကိုပဲ အဆောင်မှူးလုပ်တာလေ ခုချိန်ဆို အဆောင်မှာ BEDဆရာမကြီးတွေရှိပေမယ့် တီချယ်ကမလုပ်တာ

................................................

"ဒေါက် ဒေါက်"

အတော်ကြာတဲ့ထိ တံခါးက လာဖွင့်ပေးမယ့်သူမရှိ တီချယ်မရှိတာများလား အပြင်သွားတာလား မနေ့ညက ဖုန်းပြောဖြစ်တဲ့အထိ တီချယ်အပြင်သွားဖို့ကို မပြောပါဘူး အရေးကြီးကိစ္စရှိလို့နေမှာပါ တီချယ့်ကိုလည်း ဖုန်းဆက်ပြီးမမေးချင်တာမလို့ အခန်းရှေ့မှာ ကြောင်တောင်တောင် ရပ်နေမိသေးတယ် စိတ်ထဲတော့ မကောင်းပေ တကယ်ဆို အပြင်သွားမှာ မာန့်ကို ပြောသင့်တယ်မလား မာန်ဘယ်လောက်ကြာကြာ ရပ်နေမိလည်းမသိ ရှေ့အခန်းက တီချယ်ယွန်းအသံကြားမှပဲ သတိထားမိတော့တယ်

You've reached the end of published parts.

⏰ Last updated: May 24 ⏰

Add this story to your Library to get notified about new parts!

🤍MAY🤍Where stories live. Discover now