Part~10~

140 5 0
                                    

အိပ်ရာကနိုးလာလို့ နာရီကြည့်လိုက်တော့ 6နာရီခွဲ ဘေဘီကတော့ မနိုးသေးဘူး နဲနဲစောသေးလို့ မနှိုးသေးတာ အိပ်ရေးပျက်မှာ စိုးလို့လေ တကယ်ဆိုဒီကလေးက စောစောမထနိုင်တာသိတယ်လေ တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးတာ 2လလောက်ပဲရှိသေးပေမယ့် အချိန်အကြာကြီး သိခဲ့ကြသလို သူ့အကြောင်းတွေကို အကျင့်တွေကို မှတ်မိနေတာ တကယ်ဆို အသေးစိတ်လိုက်မှတ်ထားတာပါ ညကကိစ္စကြောင့် အင်္ကျီကြယ်သီးကို အပြည့်တပ်ထားပြီး ခါးအောက်ပိုင်းကို ပူတာတောင်စောင်အုပ်ထားတာ တကယ်ရီချင်စရာလေး သူ့ကိုထပ်လုပ်မှာကြောက်နေတာ 7နာရီထိုးပြီမလို့ ဘေဘီ့ကိုနှိုးရမယ် မဟုတ်လို့ ကျောင်းသူတွေ ထွက်တဲ့အချိန်နဲ့တူနေရင် ရှုပ်လို့

မေ-'ဟိတ် ဘေဘီထတော့လေ 7နာရီထိုးနေပြီ နောက်ကျနေမယ်'

မာန်-'ဟွန်း မထချင်သေးဘူး နောက်ထပ်နဲနဲလောက်ပဲထပ်အိပ်မှာ ခနလေး'

မေ-'မရဘူးလေ အဲ့လိုဆိုနောက်ကျမယ် ထတော့ မထရင် ညကလိုလုပ်မှာနော်'

အပြောနဲ့လက်က တစ်ဆက်တည်း ပြောပြီးတယ်ဆို ကြယ်သီးတစ်လုံးကို လာဖြုတ်တာမလို့ မာန့်မှာ တီချယ့်လက်ကိုတားပြီး

မာန်-'ထမယ် ထမယ်လို့ မလုပ်နဲ့ ခုတောင်ကျေနပ်သေးတာမဟုတ်ဘူးနော်'

ပြောပြီးတယ်ဆို ထပြီးခြင်ထောင်ထဲက ထွက်တယ်ဆို မှန်ကြည့်ပြီး ကိုယ့်ဘက်လှည့်လာတဲ့ မျက်နှာပေါ်က ပြာကျလောက်တဲ့ မျက်စောင်း ရီပြပြီး ချော့ရတော့မယ်

လည်ပင်းမှာ ထင်းနေတဲ့ အနီရောင်ရင့်ရင့်ကိုက်ရာနဲ့ ညှပ်ရိုးက ကိုက်ထားတဲ့ သွားရာကို ကြည့်ရင်းတီချယ့်ကို အမြင်ကတ်လိုက်တာ ဘယ်လောက်အားပါပါ လုပ်လိုက်လဲမသိဘူး လည်ပင်းဆို လှည့်တာနဲ့နာတာ

မာန်-'အမြင်ကိုကတ်တယ် နာတယ်သိလား သူမခံရတိုင်း'

မေ-'ဟဲဟဲ တီချယ်က ချစ်လို့ဟာကို'

စပ်ဖြီးဖြီးနဲ့ပြောလာတဲ့ သူကိုအမြင်တွေကတ်လိုက်တာ

မာန်-'ပြန်တော့ သမီးရေချိုးတော့မယ်'

မေ-'ဒီမှာပြင်မလို့လား တီချယ့်အခန်းမှာ လိုက်ပြင်လေ ဘေဘီက ဒီအရာတွေနဲ့ အများကြားမှာ ရေချိုးမလို့လား'

🤍MAY🤍Where stories live. Discover now