"ဘာပြောလိုက်တာလဲ,P'Kom?" BaiboonကKomကိုမေးလိုက်တယ် သူ့အရှေ့မှာရှိနေတဲ့ရေခဲမုန့်ကြောင့်စိတ်လှုပ်ရှားနေလို့ Komပြောလိုက်တာကိုသူသေချာမကြားလိုက်ရဘူး"ဘာမှမဟုတ်ပါဘူး..ဆက်စားလေ"
Komကခပ်တည်တည်နဲ့ပဲပြောလိုက်တယ် ပြီးမှသူထုတ်ပြောလိုက်တာကိုမယုံကြည်နိုင်သလိုမျိုးနဲ့သူ့လက်ကိုမြောက်ကာသူ့မျက်နှာကိုသုတ်လိုက်တော့တယ်
Baiboonကတော့သူ့ရေခဲမုန့်ကိုအရသာခံဖို့အတွက်အလုပ်များနေတော့တယ်"ဘယ်လိုနေလဲ?"
Komကမေးလိုက်တယ်"အရမ်းစားလို့ကောင်းတာပဲP'..Baiboonအရင်ကဒီလိုအရသာရှိတဲ့ဟာမျိုးတစ်ခါမှမစားဖူးဘူး" သူအချိန်အကြာကြီးစားချင်ခဲ့တဲ့ စတော်ဘယ်ရီသီးကိုယူစားကာကောင်လေးကပြောလိုက်တယ်
"ဘာလို့..ဘာလို့ငိုနေရပြန်တာလဲ?"
Baiboonရဲ့မျက်နှာပေါ်ကိုမျက်ရည်တွေကျလာတာကိုသတိထားမိပြီး Komကမေးလိုက်တယ် ကောင်လေးဆီကရှိုက်သံလေးကိုမကြားရပေမဲ့လည်းပေါ့"အာ..ဘာမှမဖြစ်ပါဘူးP'Kom"
Baiboonကပြန်ဖြလိုက်တယ်
"ဒီအတိုင်းပဲစတော်ဘယ်ရီရဲ့အရသာကအရမ်းကောင်းလို့ပါ"
Komကတော့ထုံထုံအအကောင်လေးကိုကြည့်ပြီးပြုံးပဲပြုံးနေမိလိုက်တော့တယ်"အဲ့ဒါဆိုစတော်ဘယ်ရီကိုမင်းကြိုက်တယ်ဆိုတာသိသွားပြီပေါ့ဟမ်"
Komကသေချာအောင်မေးလိုက်တယ်"ဟုတ်တယ်P',.Baiboonအရမ်းကြိုက်တာပဲ" ကောင်ငယ်လေးကသူ့မျက်ရည်တွေကိုပြန်သုတ်လိုက်ပြီး သူ့ရဲ့ပထမဆုံးအကြိမ်စားဖူးတဲ့စတော်ဘယ်ရီရေခဲမုန့်ကိုဆက်စားနေလိုက်တော့တယ်
Komကတော့အဲ့မှာပဲထိုင်ပြီး Baiboonကဖြည်းဖြည်းချင်းသူ့ရေခဲမုန့်ကိုစားနေပြီးသူ့မှတ်ဉာဏ်ထဲကိုအဲ့အရသာကိုမှတ်မိအောင်လုပ်နေတာကိုကြည့်နေလိုက်တော့တယ်
အဲ့ဒါကKomကိုတစ်ခုခုဆွဲငင်နေတဲ့ခံစားချက်မျိုးဖြစ်နေပေမဲ့ သူလျစ်လျှူရှုထားလိုက်တယ်
Baiboonကစတော်ဘယ်ရီသီးတွေကိုထပ်စားဖို့တွန့်ဆုတ်နေတယ်ဆိုတာကိုKomသတိထားလိုက်မိတယ်"စတော်ဘယ်ရီသီးတွေကိုကြိုက်တယ်လို့ပြောထားတာမဟုတ်ဘူးလား?"
Komကမေးလိုက်တယ်
"ဘာလို့ထပ်မစားတော့တာလဲ?"
YOU ARE READING
Unforgotten Night [KomBaiboon]
RomanceUnforgotten Night ကိုကြည့်ဖူးတဲ့လူတိုင်း P'Komနဲ့ Baiboonတို့ကိုသိကြမှာပါ သူတို့နှစ်ယောက်ရဲ့ side storyလေးပါ စုစုပေါင်းအပိုင်း30ပါဝင်မှာပါ ❗❗❗Age gapပေါ်မှာsensitiveဖြစ်တယ်ဆိုရင်မဖတ်စေချင်ပါဘူး❗❗❗ Original author - Yeonim All credit goes to the Auth...