Ep-17

98 6 0
                                    


ကလပ်ရဲ့လှုပ်ရှားမှုအစီအစဥ်တွေပြီးသွားတာနဲ့ ကျောင်းနဲ့သိပ်မဝေးတဲ့ mallဆီမှာရှိတဲ့စာအုပ်ဆိုင်ရှိရာသို့ Baiboonကိုခေါ်သွားပေးဖို့ Lopကနောက်ဆုံးတော့သဘောတူလာလေသည်။
Phaiကတော့သူတို့နောက်ကနေပဲမော်တော်ဆိုင်ကယ်စီးကာလိုက်လာခဲ့သည်။
သိပ်မကြာခင်ပဲသူတို့ရောက်လာကြပြီး ပထမထပ်မှာရှိတဲ့စာအုပ်ဆိုင်ဆီ သူတို့ချက်ချင်းပဲဦးတည်လိုက်သည်။

"ဘာဖြစ်လို့လဲP'Lop?"
Lopကမျက်မှောင်ကြုံ့နေတာကို သူမြင်လိုက်တာနဲ့Baiboonကမေးလိုက်သည်။

"ဘာမှမဖြစ်ပါဘူး ပတ်ပတ်လည်မှာကျောင်းသားတွေအများကြီးလျှောက်သွားနေတာကိုမြင်ရတာနေသားမကျသေးလို့ပါ အကိုကျောင်းတက်တဲ့အချိန်တုန်းက အကိုတစ်ခါမှအဲ့လိုလျှောက်မသွားဖူးဘူးလေ"
Lopကပြောလိုက်သည်။ ဘာလို့လဲဆိုတော့သူကျောင်းတက်ခဲ့တဲ့အချိန်တုန်းကဆို Lopတစ်ခါမှmallကိုမသွားခဲ့ဖူးဘူး။ ကျောင်းပိတ်ရက်တွေဖြစ်နေရင်တောင်မှပေါ့လေ။
အဲ့ဒါကြောင့်ကျောင်းဆင်းချိန်မှာ ကျောင်းသားတွေတော်တော်များများက လျှောက်သွားနေတာကိုမြင်တော့ သူအံ့သြမိနေတာပင်ဖြစ်သည်။

"ဒါဆိုရင်P'ကျောင်းတက်တဲ့အချိန်တုန်းက P'တစ်ခါမှအပြင်မထွက်ဖူးဘူးလား သူငယ်ချင်းတွေနဲ့ကောလျှောက်မသွားဖူးဘူးလား?"
Phaiကမေးလိုက်တော့ Lopရဲ့မျက်နှာကအနည်းငယ်ပြောင်းလဲသွားလေသည်။

"ဟင့်အင်း ဘာလို့လဲဆိုတော့ကျောင်းပြီးသွားရင်ငါ့မှာအချိန်ပိုင်းအလုပ်လုပ်ရတယ်လေ တစ်ခြားလူတွေလိုမျိုးလျှောက်သွားဖို့အချိန်မရှိဘူး"
Lopကလေသံခပ်ဖျော့ဖျော့နဲ့ပြန်ဖြေလိုက်သည်။
Baiboonကတော့အဲ့စကားကိုကြားတာနဲ့ အနည်းငယ်ဝမ်းနည်းသွားမိသည်။

"ဟေး..အဲ့လိုမျိုးအကို့ကိုလာမကြည့်ပါနဲ့ကွာBaiboon"
Baiboonရဲ့မျက်နှာကိုသူမြင်လိုက်တာနဲ့ Lopကပြောလိုက်သည်။

"P'Lop ပြောတာမှန်တယ် တကယ်ဆိုရင် Baiboonလည်းအခုချိန်ဆိုအိမ်ပြန်ပြီး ကျွန်တော့်အဖွားကိုအိမ်မှာအိမ်အလုပ်တွေကူပေးသင့်တာလေ"
Baiboonကပြောလိုက်သည်။

"ဟေး..အဲ့လိုမတွေးစမ်းပါနဲ့ကွာBaiboon ဒီကိုစာအုပ်ဝယ်ဖို့လာတာလေ လျှောက်သွားပြီးပျော်ပါးဖို့လာတာမှမဟုတ်တာ ပြီးတော့တစ်ချို့ကျောင်းသားတွေကလည်း ကျောင်းကစိတ်ဖိစီးတာတွေကိုအနားယူဖို့သက်သက်လာကြတာပဲလေ အဲ့ဒါအမှားမှမဟုတ်တာ"
ကောင်ငယ်လေးကိုအများကြီးတွေးနေတာကိုမဖြစ်စေချင်တာကြောင့် Lopကပြောလိုက်သည်။

Unforgotten Night [KomBaiboon]Where stories live. Discover now