Ep-29

88 2 0
                                    


"အဲ့တာကBaiboonလား?"
အန်တီNeeကမြန်မြန်ပဲမေးလာတဲ့အတွက် Komလည်းခေါင်းညိတ်ပြလိုက်သည်။
သူBaiboonရဲ့ငိုသံကိုသာကြားနေရပြီးတော့ နောက်ဆုံးမှပဲတစ်ခြားတစ်ယောက်ရဲ့အသံကိုပါကြားလိုက်ရတော့သည်။

[P'Kom ကျွန်တော်Phaiပါ]
Phaiရဲ့အသံကိုကြားလိုက်ရတော့မှ Baiboonကတကယ်ပဲ Phaiနဲ့တူတူရှိနေတယ်ဆိုတာကို Komသတိထားလိုက်မိတော့သည်။

[AiPhai,မင်းBaiboonကိုဘယ်ကိုခေါ်သွားတာလဲ?]
Komကလေသံနက်ကြီးနဲ့အော်မေးလာသည်။

[ကျွန်တော်ပြောတာကိုအရင်ဆုံးနားထောင်ပါဦး စိတ်မဆိုးပါနဲ့]
Phaiကပြောလိုက်သည်။ ဘာလို့လဲဆိုတော့ Komကသေချာပေါက်နားလည်မှုလွဲနေနိုင်တာကို သူသိပါသည်။

[မင်းတို့ဘယ်မှာရှိနေလဲဆိုတာရယ် Baiboonကဘာဖြစ်နေတာလဲဆိုတာကို ငါ့ကိုပြောစမ်း ဘာလို့သူကငိုနေရတာလဲ?]
Komကတကယ်စိတ်တိုစွာနဲ့မေးလိုက်သည်။

[Baiboonနဲ့ကျွန်တော်ပြန်ပေးဆွဲခံလိုက်ရတာ ဒါပေမဲ့အခုတော့ကျွန်တော်တို့လွတ်သွားပါပြီ ကျွန်တော်တို့ကအခု....]
Phaiကလက်ရှိသူတို့ရှိနေတဲ့နေရာကိုသူတို့လည်းမသိကြတဲ့အတွက်  gas stationပိုင်ရှင်ကိုမေးပြီးတော့ပြန်ရှင်းပြလာသည်။ ကလေးနှစ်ယောက်ကပြန်ပေးဆွဲခံလိုက်ရတယ်ဆိုတာကိုလည်း Komသိလိုက်ရတဲ့အချိန်ထိတ်လန့်သွားရလေသည်။

[နောက်ကွယ်ကနေခိုင်းတဲ့လူကအကိုတို့အိမ်ကလူပဲ Maiလို့ခေါ်တဲ့တစ်ယောက်ပဲ သူကBaiboonကိုပြန်ပေးဆွဲဖို့အမိန့်ပေးတဲ့သူ ကျွန်တော်ကကူညီပေးပေမဲ့လည်း သူတို့ကကျွန်တော့်ကိုပါဖမ်းမိသွားတာ အခုကျွန်တော်တို့တွေရဲလာတာကိုစောင့်နေပြီးတော့ ပြန်ပေးဆွဲတဲ့သူတွေထဲကတစ်ယောက်ကိုလည်းဖမ်းမိထားပြီ]
Phaiကထပ်ပြောလိုက်သည်။

[Baiboonကငိုနေသေးလား?]
Baiboonကိုသူအရမ်းစိတ်ပူတာရော အရမ်းလည်းစိတ်ဆိုးတာကြောင့်ပါ Komကအံကိုတင်းနေအောင်ကြိတ်ထားမိသည်။

[Baiboonကိုပြောလိုက် အကိုသူ့ကိုတက်နိုင်သလောက်အမြန်ဆုံးလာခေါ်မယ်လို့]
Komကပြောပြီးတာနဲ့ဖုန်းချလိုက်သည်။

"ဘာဖြစ်တာလဲ,Kom?"
Kimကတိုတိုတုတ်တုတ်မေးပေမဲ့လည်း Komကအံကြိတ်ထားပြီးတော့ ဘာမှမပြောပဲ အိမ်နောက်ဖေးကိုဝင်သွားတာကြောင့် အကုန်လုံးသူ့နောက်ကိုလိုက်လာကြလေသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now