Ep-18(warning)

193 6 2
                                    

"ဘာဖြစ်လို့လဲ?"
Baiboonကိုသူ့အိပ်ခန်းဆီခေါ်သွားပြီး Komမေးလိုက်လေသည်။
Baiboonကတော့အခုသူအိပ်ယာခြေရင်းမှာထိုင်နေတာပဲဖြစ်သည်။

"ဘာမှမဖြစ်ပါဘူး"
Baiboonကတည်တည်ငြိမ်ငြိမ်ပဲပြန်ဖြေလာသည်။ Komကသူ့အပေါ်ဝတ်ကုတ်ကိုချွတ်ပစ်လိုက်ပြီး သူ့ရှပ်အင်္ကျီကိုတော့ကြယ်သီးတွေဖြုတ်ထားလိုက်လေသည်။

"ဒါပေမဲ့မင်းရဲ့ပုံစံကိုဘယ်လိုပဲကြည့်ကြည့်အကုန်အဆင်‌ပြေနေတဲ့ပုံမပေါက်ဘူးနော်... တစ်ယောက်ယောက်ကမင်းကိုနှောင့်ယှက်တာမျိုးတွေရှိလို့လား?"
Komကမတင်မကျမေးလိုက်ပေမဲ့ Baiboonကတော့ချက်ချင်းပဲသူ့ခေါင်းကိုခါပြလာသည်။

"တကယ်ဘာမှမဟုတ်ပါဘူး ကျွန်တော်P'Komအိမ်ပြန်ရောက်လာတာကိုဝမ်းသာလို့ပါ"
ကောင်ငယ်လေးကအပြုံးမမြည်တဲ့အပြုံးမျိုးပြုံးပြလာသည်။ Komကတော့Baiboonကိုသေချာကြည့်လိုက်ပြီး ကောင်လေးရဲ့ညဝတ်အင်္ကျီလက်တိုလေးရဲ့လက်မောင်းအောက်ကိုကြည့်လိုက်မိသည်။ Baiboonကအနည်းငယ်တုန်လှုပ်သွားတာမြင်လိုက်ရတော့ Komမျက်မှောင်ကြုံ့လိုက်မိတော့သည်။

"မင်းရဲ့လက်မောင်းကဘာဖြစ်ထားတာလဲ? ဘာလို့အဲ့လိုဒဏ်ရာဖြစ်နေရတာလဲ?"
Baiboonရဲ့ဖြူဖွေးနေတဲ့လက်မောင်းမှာ ဒဏ်ရာဖြစ်နေတာကိုတွေ့လိုက်ရပြီး Komစိတ်ပူစွာပြောလိုက်မိသည်။ Baiboonကတော့ဒီအရာကြီးကို Komမြင်မိလိုက်မယ်လို့မထင်ခဲ့ပေ။ အဲ့အရာက Phaiကိုကူပေးရင်းရှုပ်ထွေးနေကြတဲ့အချိန်မှာအရိုက်ခံလိုက်ရလို့ ရခဲ့တာပင်ဖြစ်သည်။
ကောင်ငယ်လေးကလည်းအဲ့အရာကြီးကိုရေချိုးရင်းနဲ့မှသတိထားမိခဲ့တာပေ။

"ဒီလိုပါ ဒီနေ့Baiboonကဘတ်စကတ်ဘောကစားကြည့်မိတာလေ ဒါပေမဲ့Baiboonကတစ်ခြားအဖွဲ့သားတစ်ယောက်နဲ့တိုက်မိသွားတာလေ အဲ့ဒါကြောင့်ဒဏ်ရာရသွားတာပါ"
Sunနဲ့Phaiတို့ကစားကြတဲ့ပုံကိုမြင်မိပြီး Baiboonကပြောလိုက်သည်။ သူတို့တွေဘောလုံးကိုပြိုင်လုကြတဲ့အချိန်ဆိုရင် အနည်းနဲ့အများတော့ ထိခိုက်ဒဏ်ရာရကြတာပင်ဖြစ်သည်။

"သေချာရဲ့လား?"
Komကထပ်မေးလိုက်တော့ ကောင်ငယ်လေးကခေါင်းညိတ်ပြလေသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now