Ep-12

86 5 2
                                    

"P'ကိုယ်တိုင်ကျွန်တော်ကိုကျောင်းပြန်ပို့ပေးမှာတကယ်မလားဟင်?"
Baiboonကသေချာအောင်ထပ်မေးလိုက်တော့ Komကခေါင်းညိတ်ပြလေသည်။

"သေချာတာပေါ့ ဘာလို့အကို့ကိုမယုံရတာလဲ? အခုတော့အိပ်တောနော် မနက်ဖြန်ကျရင်ကျောင်းသွားရမယ်မလား အကိုအရင်ရေချိုးလိုက်ဦးမယ် အကို့ခန္ဓာကိုယ်တစ်ခုလုံးစေးကပ်ကပ်ဖြစ်နေတာလေ"
Komကပုံမှန်လေသံအတိုင်းပြန်ဖြေပြီး Baiboonကိုသူ့အိပ်ခန်းဆီခေါ်သွားလိုက်လေသည်။

"မင်းမျက်နှာနဲ့မျက်လုံးတွေကိုအရင်ရေဆေးလိုက်ရအောင်နော် ပြီးမှပဲအိပ်ဟုတ်ပြီလား"
Komပြောလိုက်မှပဲ သူ့မျက်နှာမှာမျက်ရည်တွေကြောင့်‌ ရေစိုနေတာကိုသတိထားမိတော့သည်။

"ဟုတ်"
Baiboonကသေချာပြန်ဖြေပြီးရေချိုးခန်းထဲဝင်ကာသူ့မျက်နှာကိုသစ်လိုက်တော့သည်။
Komကတော့ သေးငယ်တဲ့ပုံရိပ်လေးကိုစိုက်ကြည့်ပြီး သက်ပြင်းဖျော့ဖျော့ချလိုက်မိလေသည် ။

'ငါဘာတွေလုပ်လိုက်မိတာလဲ?'
Komသူ့ကိုယ်သူရေရွတ်လိုက်ပြီးတပတ်စောင်ကိုသွားယူလိုက်ကာ ရေချိုးရန်အသင့်ပြင်လိုက်တော့သည်။
Baiboonသူ့အခန်းထဲကိုပြန်ဝင်လာတော့ ကောင်ငယ်လေးကိုမျက်နှာသုတ်ရန်အတွက် Komကတပတ်စောင်သေးသေးလေးကိုပြင်ထားပေးသည်။

"မြန်မြန်လုပ်နော် ပြီးတာနဲ့သွားအိပ်တော့ မဟုတ်ရင်မနက်ဖြန်ကျရင်အိပ်ယာထတာနောက်ကျလိမ့်မယ်"
Komကပြောလိုက်ပြီး ရေချိုးခန်းထဲဝင်သွားတော့သည်။

သူရေမချိုးခင်မှာ Baiboonကိုတွေ့လိုက်ချိန်သူ့ခန္ဓာကိုယ်ကနေတင်းမာလာတဲ့ခံစားချက်ကိုလျှော့ချဖို့အတွက် Komရေခဲရည်ကိုအသုံးပြုလိုက်လေသည်။
ရေချိုးလို့ပြီးတဲ့အချိန်မှာ သူ့ခါးကိုတပတ်စောင်ပတ်ထားလိုက်ပြီး ရေစက်အနည်းငယ်တင်ကျန်နေတဲ့အပေါ်ပိုင်းဗလာနဲ့‌ရေချိုးခန်းထဲကထွက်လာလေသည်။
အိပ်ယာပေါ်မှာရှိနေတဲ့Baiboonက Kom ရဲ့ပုံစံကိုမြင်တော့ သူ့နှလုံးသားထဲမှာတိတ်တိတ်လေးမခံစားနိုင်လောက်အောင်သဘောကျနေမိသည်။

"ဘာလို့အခုထိမအိပ်ရသေးတာလဲ?"
သူ့ကိုစိုက်ကြည့်နေတဲ့Baiboonကို Komလှည့်ကြည့်လိုက်ပြီးပြောလိုက်လေသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now