Ep-19

97 6 5
                                    

"KhunKimကဆရာဆေးရုံရောက်နေတယ်ဆိုတာကိုသိတာလား?"
KamolကKimနဲ့ဖုန်းပြောနေတာကိုကြားပြီး Komမေးလိုက်သည်။

ဒီနေ့Komနဲ့တို့မီးလောင်ထားတဲ့ pubကိုသွားကြည့်ကြရင်းရုတ်တရပ်ပဲသစ်သားတွေက ကျိုးကျပြီးပြုတ်ကျလာတာကြောင့် Kamolနဲ့Komတို့နည်းနည်းလေးထိခိုက်မိသွားကြတာပင်ဖြစ်သည်။ သစ်သားချောင်းကသူ့ပုခုံးနဲ့နောက်ကျောပေါ်ထိသွားတာမို့လို့ ရလဒ်အနေနဲ့ဒဏ်ရာအနည်းငယ်ရယ် အသားတွေခြစ်မိသွားတယ်ရယ်ဖြစ်လေသည်။

"ဟင်း.. Kimကတစ်ခုခုမှားနေတာကိုကောင်းကောင်းကြီးသိတယ်လေ ငါသူ့ကိုမပြောပဲနဲ့တောင်မှပေါ့"
Kamolကပြုံးပြီးပြောလေသည်။ ဘာလို့လဲဆိုတော့ပထမတော့သူဟန်ဆောင်ပြီး သူ့လက်မောင်းပဲထိသွားတယ်လို့ Kimကိုပြောခဲ့တာပင်ဖြစ်သည်။ ဒါပေမဲ့ Kimကခပ်မြန်မြန်ပဲဘာတွေဖြစ်ခဲ့လဲဆိုတာကိုရှာတွေ့သွားတယ်လေ။

အကြာကြီးမစောင့်လိုက်ရခင်ပဲ ဆရာဝန်ကသူတို့နှစ်ယောက်ကိုအထဲဝင်ဖို့လှမ်းခေါ်လိုက်လေသည်။ ဆရာဝန်ကသူတို့ရဲ့မိတ်ဆွေသာဖြစ်လေသည်။ ဘာလို့လဲဆိုတော့ဒီဆေးရုံမှာလည်း Kamolကရင်းနှီးမြှုပ်နှံထားတာလေ။

"ဘာတွေဖြစ်လို့ပါလဲ,KhunKamol?"
ဆရာဝန်ကသူ့ကိုအပြုံးနဲ့နှုတ်ဆက်လေသည်။

"သစ်သားချောင်းကကျိုးကျပြီးတော့ကျွန်တော့်လက်မောင်းနဲ့ကျောကုန်းတွေထိသွားတာပါ"
Kamolကပြန်ဖြေလိုက်သည်။

"ဒါဆိုလည်းကျွန်တော့်ကိုအရင်စစ်ဆေးခွင့်ပေးပါဦး"
ဆရာဝန်ကပြောပြီး X-rayနဲ့အရင်စစ်‌ဆေးကြည့်ဖို့လုပ်လေသည်။
စစ်ဆေးမှုအပြီးမှာတော့ Kamolရဲ့ခန္ဓာကိုယ်မှာဘာမှကြီးကြီးမားမားထိခိုက်မှုမရှိပေ။
အဲ့ဒါကြောင့် ဆရာဝန်ကKomဘက်ကိုလှည့်ပြီး အင်္ကျီချွတ်ပေးနိုင်မလားဟုမေးလိုက်လေသည်။
သူအင်္ကျီချွတ်လိုက်တဲ့အချိန်မှာတော့ Kamolကသူ့ပုခုံးပေါ်ကဒဏ်ရာကိုမြင်ပြီးလန့်သွားလေသည်။

"Komမင်းရဲ့ပုခုံးကိုတစ်ယောက်ယောက်ကိုက်ထားတာလား?"
Kamolကသူနဲ့အရင်းနှီးဆုံးဖြစ်တဲ့တပည့်ရဲ့သန်မာလှတဲ့ပုခုံးပေါ်မှာ ကိုက်ရာကိုမြင်ပြီးမေးလိုက်လေသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now