Ep-25

97 5 0
                                    

ရေချိုးလို့ပြီးသွားတာနဲ့ အဝတ်အစားလဲလိုက်သည်။ အရပ်ရှည်ရှည်နဲ့လူကြီးက အိပ်ခန်းထဲကိုပြန်ရောက်လာပြီးတော့ Baiboonကိုသူ့အိပ်ယာပေါ်မှာတွေ့လိုက်ရတဲ့အခါပြုံးလိုက်မိသည်။

"မင်းမအိပ်သေးဘူးလား ဘာလို့မအိပ်ရသေးတာလဲ?"
Komကမေးလိုက်သည်။

"Baiboonက P'Komကိုစောင့်နေတာ"
ကောင်ငယ်လေးကပြန်ဖြေလိုက်ပြီးတာနဲ့ Komကအိပ်ယာပေါ်တက်ကာ Baiboonရဲ့ဘေးမှာဝင်လှဲလိုက်ပြီးတော့ Baiboonရဲ့ကိုယ်လုံးလေးကိုဖက်ထားလိုက်သည်။ Baiboonကချက်ချင်းပဲ Komနဲ့အနီးဆုံးကိုတိုးသွားလိုက်သည်။

"P'Kom, အကိုBaiboonကိုစိတ်မဆိုးတော့ဘူးမလားဟင်?"
ကောင်ငယ်လေးကအသံတိုးတိုးလေးနဲ့မေးလာတော့ Komလည်းသူ့ကိုစိုက်ကြည့်လိုက်ပြီး ကောင်ငယ်လေးရဲ့နဖူးကို ငြင်သာစွာနမ်းလိုက်သည်။

"စိတ်မဆိုးတော့ပါဘူး ဒါပေမဲ့P'ပြောသလိုပဲ အဲ့လိုမျိုးထပ်ပြီးတော့မလုပ်နဲ့နော် မင်းဘယ်ကိုပဲသွားသွား ကိုယ့်ကိုဖုန်းဆက်ပေး ကိုဘ်အလုပ်များပြီးတော့ဖုန်းမကိုင်နိုင်မှာကို မင်းကြောက်စရာမလိုဘူး"
Komကစိတ်ချစေချင်သလိုပြောလိုက်တော့ Baiboonလည်းအတည်တကျခေါင်းညိတ်ပြလာသည်။

'BaiboonကိုPhaiနဲ့အတူရှိနေတာကိုလည်း ကိုယ်မကြိုက်ဘူး'
Komကသူဟာသူရေရွတ်နေပေမဲ့လည်း Baiboonကတော့နားမလည်နိုင်စွာနဲ့ မျက်ခုံးပင့်တင်လိုက်မိသည်။

"ဘာလို့လဲ? Phaiကကျောင်းမှာ ကျွန်တော့်ရဲ့ပထမဆုံးသူငယ်ချင်းလေ ပြီးတော့အကုန်လုံးနဲ့ပတ်သတ်ပြီး သူကကျွန်တော့်ကိုအများကြီးကူညီပေးထားတာလေ"
ကောင်ငယ်လေးကပြောလိုက်သည်။ Baiboonပြောပြတာနဲ့ပတ်သတ်ပြီး Komအရမ်းပျော်ရွှင်မနေပေမဲ့လည်း အဲ့အကြောင်းနဲ့ပတ်သတ်ပြီးအများကြီးတွေးမနေမိအောင်ကြိုးစားလိုက်သည်။

"ကိုယ်သိပါတယ် Baiboonကိုသူငယ်ချင်းတွေနဲ့ဝေးဝေးနေဖို့ကို ကိုယ်ပြောမျာမဟုတ်ပါဘူး ဒါပေမဲ့မင်းတို့နှစ်ယောက်ထဲအပြင်သွားတာကိုတော့ ကိုယ်မဖြစ်စေချင်ဘူး နားလည်တယ်မလားဟင်?"
Komကပွင့်ပွင့်လင်းလင်းပြောလိုက်တာကြောင့် Baiboonချက်ချင်းပဲရှက်လာသလိုခံစားရသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now