Ep-13

77 5 0
                                    

dee....dee....dee....

ဘောင်းဘီအိတ်ထဲမှာထည့်ထားတဲ့ဖုန်းကတုန်လာတာနဲ့ Baiboonထုတ်ကြည့်လိုက်ပြီးမှ ဖုန်းခေါ်လာတဲ့သူနာမည်ကိုမြင်ပြီး သူ့မျက်လုံးတွေပြူးကျယ်လာတော့သည်။

"P'Kom.."
ကောင်ငယ်လေးကဖုန်းကိုခပ်မြန်မြန်ပဲပြန်ဖြေလိုက်လေသည်။ Phaiကတော့ကွင်းထဲမှာဘတ်စကတ်ဘောလေ့ကျင့်နေရင်းကနေ သူ့ဆီကိုခေါင်းလှည့်ကြည့်လာလေသည်။

"Baiboon ဘယ်ရောက်နေတာလဲ? အကိုမင်းကိုပုံမှန်နေရာမှာပဲစောင့်နေတယ်နော်"
Komဆီကနေစိတ်ဖိစီးနေပုံပေါ်တဲ့အသံထွက်လာလေသည်။

"ကျွန်တော်ကျောင်းကလပ်အတွက်အားကစားခန်းထဲမှာကူပေးနေရလို့ပါ"
Baiboonလည်းမြန်မြန်ပဲပြန်ဖြေလိုက်လေသည်။ ဘာလို့လဲဆိုတော့ Komသူ့ကိုစိတ်ဆိုးသွားမှာကိုသူတကယ်ကြောက်တယ်လေ။
မနေ့ကမှသူ့ကိုစကားပြန်ပြောလာတာကို...

"ဘာကလပ်လဲ?"
Komကထပ်မေးလိုက်လေသည်။

"ဘတ်စကတ်ဘောပါ"
Baiboonကပြန်ဖြေလိုက်လေသည်။

Komကတိတ်ဆိတ်သွားပြီး Baiboonရဲ့သူငယ်ချင်းဖြစ်တဲ့Phaiကလည်း ဘတ်စကတ်ဘောကစားသမားဆိုတာကိုသတိရသွားလေသည်။

"ဒါပေမဲ့အတန်းတွေကပြီးလို့တစ်ခြားသူတွေကအိမ်ပြန်ကြကုန်ပြီမလား? အဲ့တော့မင်းလည်းအိမ်ပြန်သင့်ပြီနော်"
Komဆီကနေလေသံခပ်မြင့်မြင့်ကထွက်လာလေသည်။

"ဟုတ်ကဲ့ပါ ကျွန်တော်အခုထွက်လာပါပြီ P'Kom. ကျွန်တော့်ကိုစိတ်မဆိုးပါနဲ့နော်"
ကောင်ငယ်လေးကခပ်မြန်မြန်ပြောလိုက်လေသည်။

Baiboonအစကဘာမှမပြောဘူးဆိုတာကလည်း Komကနားမလည်ပဲနဲ့သူ့ကိုစိတ်ဆိုးမှာကိုကြောက်တာကြောင့်ပင်ဖြစ်သည် ။
Komကစိတ်ဆိုးပြီး မနေ့ကလိုမျိုးသူ့မျက်နှာကိုတွေ့ဖို့ ငြင်းဆန်မှာလိုမျိုးပေါ့။

"ဟင်း... အလျင်မလိုနဲ့ အကိုဒီမှာပဲမင်းကိုစောင့်နေတယ် "
Komကသေချာတွေးတော့ပြီးလေသံကိုပြန်လျော့ပြောလိုက်လေသည်။
Baiboonသူ့ဆီကိုပြေးလာပြီး ချော်လဲကျမှာကိုသူကြောက်ပါသည် ။

"ဟုတ် ကျွန်တော်အဲ့လိုပဲလုပ်လိုက်ပါမယ်"
Baiboonလည်းပြန်ဖြေပြီးတာနဲ့ဖုန်းချလိုက်လေသည်။
Phaiကကွင်းထဲကနေထွက်လာပြီး Baiboonဆီရောက်လာတော့လေသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now