Ep-20

71 6 0
                                    

နောက်တစ်နေ့ မနက်....

ရေချိုးလို့ပြီးတာနဲ့Komက တစ်ခြားသူတွေနဲ့ကမ်းခြေသွားဖို့အတွက်သူ့ရဲ့luggageကိုထုတ်လာလေသည်။ အိမ်ကြီးဆီကိုအရင်မသွားခင် သူBaiboonကိုအရင်သွားခေါ်လိုက်သည်။
သူတံခါးခေါက်ပြီးတာနဲ့ Baiboonကချက်ချင်းပဲပြေးပြီးလာဖွင့်ပေးသည်။

"အာP'Kom, Baiboonလည်းအဆင်သင့်ဖြစ်နေပြီ"
ကောင်ငယ်လေးကအပြုံးနဲ့ပြောလိုက်ပြီး သူအသင့်ပြင်ထားတဲ့သူ့အိတ်ရယ် သူ့အဖွားရဲ့အိတ်ရယ်ကိုကူပြီးသယ်ပေးလိုက်သည်။

"Baiboonအစောကြီးနိုးနေတာမလား မနေ့ညကကောဘယ်အချိန်မှအိပ်တာလဲ? Baiboonရဲ့မျက်လုံးတွေကနီရဲနေတာပဲ?"
Komကပြောလိုက်ပြီး Baiboonရဲ့မျက်ခွံလေးပေါ်ကိုဖွဖွလေးပွတ်ပေးလိုက်တော့ ကောင်လေးကပြုံးလိုက်မိသည်။

"နည်းနည်းနောက်ကျသွားတယ် ကျွန်တော်အရမ်းစိတ်လှုပ်ရှားနေမိတာ"
ကောင်ငယ်လေးကအပြုံးနဲ့ပြောလိုက်သည်။

KomကBaiboonတို့ကို သူနဲ့တူတူအိမ်ကြီးဆီသွားဖို့ခေါ်လိုက်သည်။
သူတို့ရဲ့အိတ်တွေကို Komကကားနောက်ခန်းထဲအရင်ထည့်ပြီးမှ အိမ်ကြီးဆီသွားကာ အကုန်လုံးနဲ့တူတူမနက်စာစားလေသည်။
သူတို့စားလို့ပြီးတာနဲ့ သူတို့ခြံထဲမှလူစုလိုက်ကြပြီး Kimကသူတို့အတွက်ခုံနေရာကိုစီစဥ်ပေးလေသည်။
BaiboonကKomနဲ့တူတူ Kamolနဲ့Kimတို့ရဲ့ခုံနောက်မှာထိုင်ရမှာဖြစ်လေသည်။
သူကBaiboonကိုလှမ်းကြည့်လိုက်တဲ့အချိန် Baiboonကသူ့အကြည့်တွေကိုရှောင်နေတာကြောင့် သူမကျေနပ်သလိုခံစားရလေသည်။
ဒါပေမဲ့သူတို့ထွက်လာတဲ့အချိန်မှာတော့ Baiboonကလမ်းတစ်လျှောက်လုံးမှာမြင်သမျှတွေကို‌ ဘယ်ညာကြည့်ပြီးစိတ်ဝင်တစားနဲ့ Komကိုမေးခွန်းတွေမေးနေတာ နောက်ဆုံးကောင်ငယ်လေးကသန်းလာတဲ့အထိပဲဖြစ်သည်။

"အိပ်ချင်နေပြီလား?"
Komကမေးလိုက်တော့ Baiboonကဖြည်းဖြည်းလေးခေါင်းညိတ်ပြလာသည်။ KomကBaiboonရဲ့ခေါင်းလေးကိုယူပြီး သူ့ပုခုံးပေါ်တင်ကာအနားယူစေသည်။

"ဒါဆိုအရင်အိပ်နှင့်နော်"
Komကပြောလိုက်သည်။

"ဒါပေမဲ့P'Komလည်းပင်ပန်းလိမ့်မယ်လေ"
Baiboonကတိုးတိုးလေးပြောသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now