"Phaiတကယ်တော့ ငါဟာငါလွယ်အိတ်ကိုသယ်နိုင်ပါတယ်"
Baiboonကသူတို့ကျောင်းရှေ့မှာစတွေ့ထဲက သူ့လွယ်အိတ်ကိုပါကူလွယ်ပေးထားတဲ့သူ့သူငယ်ချင်းဖြစ်သူကိုသူပြောလိုက်သည်။"ရပါတယ် အဲ့ဒါကိုစိတ်ပူမနေနဲ့"
Phaiကပြောလိုက်ပြီးမှပဲတစ်ခုခုကိုသူသတိရသွားမိသည်။
"ဒါနဲ့မနေ့ကမင်းရဲ့အကိုက ဘယ်အချိန်လာကြိုသွားတာလား အကြာကြီးစောင့်လိုက်ရသေးလား?""မကြာပါဘူး P'Komကမင်းထွက်သွားပြီးသိပ်မကြာဘူးရောက်လာတာ"
Baiboonပြန်ဖြေလိုက်သည်။"အာဒါနဲ့လေ"
Baiboonကတစ်ခုခုကိုသတိရသွားသည်
"Baiboonမှာအခုဖုန်းရှိသွားပြီ P'Komကမနေ့ကတစ်လုံးဝယ်ပေးထားတာလေ ပြီးမှပဲဖုန်းနံပါတ်ကို ရေးပြီးမင်းကိုပေးမယ်လေ""ငါ့နံပါတ်ကိုပဲတိုက်ရိုက်ဆက်လိုက် ချရေးစရာမလိုဘူး"
PhaiကBaiboonကိုညွှန်ပြလိုက်သည်။
Baiboonကသူ့ဖုန်းကိုထုတ်လိုက်ပြီးတော့ ရဲ့နံပါတ်ကိုခေါ်လိုက်သည်။
Phaiလည်းသူ့ဖုန်းကိုထုတ်လိုက်ပြီး Baiboonရဲ့နံပါတ်ကိုမှတ်ထားလိုက်သည်။"အဲ့တော့မင်းမှာ Lineဒါမှမဟုတ် facebookအကောင့်တစ်ခုခုရှိလား?"
Phaiကမေးလိုက်သည်။"အဲ့ဒါတွေကဘာလည်းဟင်?"
Baiboonကမသိတဲ့အတွက်မေးလိုက်သည်။
Baiboonအရင်ကဖုန်းကို သုံးမှမသုံးဖူးတာလေ... ပြီးတော့ကွန်ပျူတာကောပဲ..
အဲ့တော့အဲ့အရာတွေက သူ့နဲ့လုံးဝစိမ်းသက်တဲ့အရာတွေကြီးပဲလေ
အခုတော့Baiboonကိုနားမလည်သလိုမျိုး Phaiကပြန်ကြည့်နေရပါပြီ"မင်းအင်တာနတ်ကိုသုံးပြီးတော့ Lineကနေစာပို့တာတို့လုပ်လို့ရတယ်လေ အဲ့ဒါကဖုန်းထဲမှာရှိတဲ့အပိုappတစ်ခုပဲလေ မင်းဖုန်းထဲမှာလည်းရှိတယ် အရင်ဆုံးမင်းအိတ်ကိုချထားလိုက်ရအောင် ငါမင်းကိုသင်ပေးမယ်လေ"
Baiboonကခေါင်းပဲညိတ်ပြလိုက်သည် ။
ဘာလို့လဲဆိုတော့ဒီဟာကိုKomသင်ပေးထားပေမဲ့လည်းသူမမှတ်မိပါ..။
ဖြစ်နိုင်တာကတော့ ဒီဟာကိုKomသင်ပေးနေတဲ့အချိန်မှာပဲသူအိပ်ပျော်သွားတာဖြစ်နိုင်သည်
ကျောင်းသားနှစ်ယောက်ကသိပ်မကြာခင်ပဲအတန်းထဲကိုဝင်လာလိုက်တော့သည်။
YOU ARE READING
Unforgotten Night [KomBaiboon]
RomanceUnforgotten Night ကိုကြည့်ဖူးတဲ့လူတိုင်း P'Komနဲ့ Baiboonတို့ကိုသိကြမှာပါ သူတို့နှစ်ယောက်ရဲ့ side storyလေးပါ စုစုပေါင်းအပိုင်း30ပါဝင်မှာပါ ❗❗❗Age gapပေါ်မှာsensitiveဖြစ်တယ်ဆိုရင်မဖတ်စေချင်ပါဘူး❗❗❗ Original author - Yeonim All credit goes to the Auth...