Ep-14

67 7 0
                                    

Komနဲ့Kitက Baiboonနဲ့Kimကိုmallဆီခေါ်သွားပေးလိုက်သည်။
သူတို့ရောက်တာနဲ့ KimကBaiboonကိုခေါ်ပြီးဆိုင်မျိုးစုံကိုဝင်ကာ အသုံးအဆောင်မျိုးစုံနဲ့အဝတ်အစားမျိုးစုံကိုဝယ်ပေးတော့သည်။
Komနဲ့Kitကတော့သူတို့နှစ်ယောက်နောက်ကနေတောက်လျှောက်လိုက်နေဆဲပင်။
KimကBaiboonအတွက်လက်ဆောင်ကိုအများစုံဝယ်နေလေသည် ။

"P'Kom"
Baiboonကအနားကိုကပ်လာပြီး Komရဲ့လက်မောင်းကိုလာညစ်လေသည်။

"ဘာဖြစ်လို့လဲ?"
Komကမေးလိုက်လေသည်။
အဲ့အချိန်မှာပဲ KimကBaiboonအတွက်ရှပ်အင်္ကျီ‌ရွေးနေတာပင်ဖြစ်သည်။

"P'Komကျေးဇူးပြုပြီးတော့ P'Kimကိုပြောပေးပါဦး ကျွန်တော့်အတွက်အဝတ်အစားတွေအများကြီးဝယ်‌ပေးစရာမလိုဘူးဆိုတာကိုလေ
ကျွန်တော့်အတွက် P'Komဝယ်ပေးထားတဲ့အဝတ်အစားတွေကျွန်တော့်မှာရှိနေပြီလေ"
ကောင်ငယ်လေးကတုန်လှုပ်စွာနဲ့ပြောလိုက်လေသည်။ ဘာလို့လဲဆိုတော့ဒီမနက်တုန်းက Mhaiသူ့ကိုပြောထားတဲ့စကားတွေကိုသူမှတ်မိနေမိသည်။

"အကိုမင်းကိုပြောပါတယ် အကိုသူဌေးရဲ့ဇနီးနဲ့တော့ ပြိုင်မငြင်းနိုင်ဘူးလို့လေ"
Komကပြုံးပြီးပြောလိုက်တော့ Baiboonရဲ့မျက်နှာကငြိုးကျသွားတော့သည် ။
အဲ့ဒါကိုမြင်လိုက်တဲ့ Komကနားမလည်နိုင်တာကြောင့်မျက်မှောင်ကြုံ့လိုက်မိတော့သည်။

"ဘာဖြစ်လို့လဲ တစ်ခုခုမှားနေလို့လား?"
Komကမေးလိုက်တာနဲ့Baiboonလည်းချက်ချင်းပဲခေါင်းခါပြလိုက်တော့သည်။

"ဘာမှမဟုတ်ပါဘူး ကျွန်တော်ကဒီအတိုင်း P'Komနဲ့P'Kimတို့ကို ကျွန်တော့်အတွက်ပစ္စည်းတွေအများကြီးဝယ်ပေးပြီး ပိုက်ဆံတွေမကုန်စေချင်လို့ပါ တကယ်တော့ကျွန်တော်ကဒီအတိုင်းအိမ်အကူတစ်ယောက်ရဲ့မြေးပဲလေ ပြီးတော့ကျွန်တော်ကဒီမှာခွင့်တောင်းပြီးနေနေရတဲ့လူလေ"
ကောင်လေးကပြောလိုက်သည်။

"ဘယ်သူကအဲ့လိုပြောတာလဲ? အဲ့ဒါကြောင့်စိတ်မသက်မသာဖြစ်နေတာလား?"
Komကတည်ငြိမ်စွာပဲမေးလိုက်သည်။

"ဘယ်သူမှမပြောပါဘူး ကျွန်တော့်ကြောင့်နဲ့အကုန်လုံးကိုဝန်ထုတ်ဝန်ပိုးမဖြစ်စေချင်လို့ပါ"
Baiboonကပုံမှန်အနေအထားမျိုးနဲ့ရှင်းပြနေသည်။

Unforgotten Night [KomBaiboon]Where stories live. Discover now