Ep-3

96 5 0
                                    

"ငါတို့သူ့ဆီလာနေတဲ့လမ်းမှာဆိုတာကိုDayသိပြီးပြီလား"
KamolကKomကိုမေးလိုက်တယ်
သူတို့နှစ်ယောက်လုံးKamolရဲ့ကားနောက်ခန်းမှာပဲတူတူထိုင်နေကြတာ လေယာဉ်ကနေဆင်းတာနဲ့Dayရဲ့အိမ်ကိုတစ်ခါထဲသွားဖို့ကိုပဲ Kamolဆုံးဖြတ်လိုက်တယ်

"ကျွန်တော်သူ့ကိုဖုန်းဆက်ပြီးပြောထားပြီးပါပြီသူဌေး"
Komကပြန်ဖြေလိုက်တယ်

"Kimနဲ့ပတ်သတ်တဲ့ကိစ္စတွေပြီးသွားတာနဲ့မင်းတို့တွေအနားယူလို့ရပြီ..မင်းတို့တွေလည်းမနားတမ်းအလုပ်လုပ်နေရတာ"
သူတို့တွေအကုန်လုံးကသူ့ရဲ့လက်အောက်ငယ်သားတွေဖြစ်ကျပေမဲ့ Kamolကသူရဲ့လူတွေကိုကောင်းကောင်းဂရုစိုက်လေ့ရှိတယ်

"ဟုတ်ကဲ့ပါ"

"ဒါနဲ့စတော်ဘယ်ရီသီးတွေကိုဘယ်သူ့ဖို့ဝယ်လာတာလဲ?...သေချာပေါက်မင်းစားဖို့မဟုတ်ဘူးဆိုတာကိုတော့ငါသိတယ်"
Kamolမေးလိုက်တာကဘာလို့လဲဆိုတော့ မနေ့ကKomကိုအနားယူဖို့သူလွှတ်လိုက်တာကို Komကစတော်ဘယ်ရီသီးတွေအပြည့်ပါတဲ့ဗူးတစ်ဗူးဝယ်ပြီးပြန်လာတယ်လေ
Komကတော့ သူ့သူဌေးရဲ့မေးခွန်းကြောင့်အနည်းငယ်အံ့သြသွားရတယ်

"အဲ့ဒါတွေကိုBaiboonအတွက်ဝယ်ပေးထးတာပါ"
Komကအမှန်အတိုင်းပဲပြောလိုက်တော့ Kamolအံ့သြစွာနဲ့မျက်ခုံးပင့်သွားပေမဲ့လည်းဘာမှတော့ထပ်မမေးတော့ဘူး
သိပ်မကြာခင်ပဲသူတို့တွေDayရဲ့အိမ်ကိုရောက်တာနဲ့ Kamolတစ်ယောက်Kimကိုတစ်ခြားမှာသွားရှာစရာမလိုတော့ဘူး
ဘာလို့လဲဆိုတော့ KimကိုDayရဲ့အိမ်မှာပဲတွေ့လိုက်ရလို့လေ..Kamolကတော့Kimကdayနဲ့သိနေပြီးသားဖြစ်လို့ Dayရဲ့အိမ်မှာသွားနေတာကောင်းတယ်လို့ပဲတွေးမိတယ်
သူတို့တွေစကားအနည်းငယ်ပြောပြီးတာနဲ့ Kamolက Kimကိုသူ့နဲ့အိမ်မှာပဲနေဖို့ဖြောင်းဖြပြီးပြန်ခေါ်သွားတော့တယ်
Komကကားမောင်းတဲ့သူကို Kamolအိမ်ကိုပဲမောင်းဖို့အတွက်အမိန့်ပေးလိုက်တယ်
သူတို့တွေပြန်ရောက်တာနဲ့Kamolကအကုန်လုံးကိုညနေကျရင် သူ့အိမ်မှာလူစုဖို့အတွက်အမိန့်ပေးလိုက်ပြီးမှပဲ အကုန်လုံးကိုအနားယူဖို့သူတို့နေတဲ့နေရာတွေဆီပြန်သွားခိုင်းလိုက်တယ်
Kamolကတော့Kimကိုသူ့ရဲ့အိမ်ထဲကိုခေါ်သွားလိုက်တယ်
Komကကားဆီကိုပြန်သွားပြီးတော့ ကားနောက်ဖုံးကိုဖွင့်ကာသူ့ရဲ့luggageရယ် Baiboonအတွက် သူဝယ်လာတဲ့စတော်ဘယ်ရီသီးဗူးရယ်ကိုထုတ်ပြီး သူ့အိမ်သူပြန်သွားလိုက်တော့တယ်
အိမ်ကိုပြန်ရောက်တာနဲ့ သူ့အထုတ်အပိုးတွေကိုအိမ်ထဲမှာပဲထည့်ထားခဲ့ပြီးတော့ Baiboonအတွက်ဝယ်လာတဲ့ဗူးကိုယူပြီးတစ်ခြားအိမ်တစ်ခုကိုထွက်လာခဲ့တယ်

Unforgotten Night [KomBaiboon]Where stories live. Discover now