Baiboonဆေးသောက်လို့ပြီးသွားတာနဲ့ နောက်တစ်ခေါက်ပြန်အိပ်ဖို့လုပ်လိုက်သည်။
"P'Kom,အိတ်ထဲကနေကျွန်တော့်ရဲ့ဖုန်းလေးကိုယူပေးလို့ရမလားဟင်? ဖုန်းအားကောရှိသေးရဲ့လားဆိုတာကိုကျွန်တော်မသိဘူး"
Baiboonကပြောလိုက်သည် ။
ဘာလို့လဲဆိုတော့သူဒီခရီးကိုရောက်လာတဲ့အချိန်ကတည်းက သူဖုန်းအားလည်းမသွင်းသလို ဖုန်းလာနေတယ်ဆိုရင်တောင်မှ အိပ်ချင်နေတာကြောင့်သူမကိုင်ဖြစ်ဘူးလေ။ Komက Baiboonရဲ့အိတ်ကိုဖွင့်လိုက်ပြီး ဖုန်းကိုထုတ်ပေးလိုက်သည်။ messageတွေအများကြီးဝင်နေတာကိုလည်း Komတွေ့လိုက်ရသည်။
ပထမနေ့Baiboonဒီကိုရောက်လာတဲ့ရက်ထဲက Phaiဆိုတဲ့ကောင်လေးက Baiboonကိုစာတွေအများကြီးပို့ထားတာကို သူမြင်လိုက်ရတော့ Komတစ်ယောက်မျက်ခုံးကိုတောင်ပင့်တင်လိုက်မိသည်။ Baiboonကသူငယ်ချင်းဆက်ဆံရေးကိုမပျက်ဆီးချင်တဲ့အတွက် စာတွေကိုဖတ်ပြီးပြန်စာပို့လိုက်လေသည်။Line : တောင်းပန်ပါတယ် ငါအလုပ်များနေလို့
Baiboonရဲ့Line accကစာပို့လာတာနဲ့ Phaiကချက်ချင်းစာပြန်ပို့လာလေသည်။"ဘယ်သူနဲ့စကားပြောနေတာလဲ?"
Komကမေးလိုက်သည်။"Phaiကမနေ့ထဲကစာတွေပို့ပြီးတော့ Baiboonဘယ်ကိုသွားနေတာလဲဆိုတာမေးနေလို့ ကျွန်တော်သူ့ကိုစာပြန်ပို့နေတာ"
ကောင်ငယ်လေးကရိုးရိုးသားသားပြန်ဖြေလေသည်။"အဲ့တော့မင်းကမအိပ်တော့ဘူးပေါ့"
Komကမေးလိုက်သည်။"အိပ်မှာပါ ဒါပေမဲ့Baiboonခနလောက်တော့ Phaiနဲ့စကားပြောလိုက်ဦးမယ်လေ"
Baiboonကပြန်ဖြေလိုက်ပေမဲ့လည်း Komကရောက်လာပြီးတော့ Baiboonရဲ့ဖုန်းကိုယူသွားလေသည်။"Baiboonအခုအိပ်သင့်ပြီ စာကိုပြန်မနေနဲ့တော့ နောက်ရက်ကျောင်းတက်မှပဲပြောလည်းရတယ်လေ"
Komကအေးအေးဆေးဆေးပဲပြောလိုက်တာနဲ့ Baiboonကချက်ချင်းပဲခေါင်းညိတ်ပြလာသည်။"ဟုတ်ကဲ့ပါ"
ကောင်ငယ်လေးကပြန်ဖြေလိုက်သည်။ ဘာလို့လဲဆိုတော့သူအရမ်းပင်ပန်းနေပြီးတော့ အိပ်လည်းအိပ်ချင်နေပြီလေ။ KomကBaiboonကိုစောင်ခြုံပေးလိုက်ပြီးတာနဲ့ Baiboonရဲ့ဖုန်းကိုပါပိတ်ထားလိုက်တော့သည်။ Baiboonကတော့ဖြည်းဖြည်းချင်းပဲအိပ်ပျော်သွားတော့မှပဲ Komလည်းသက်ပြင်းတစ်ချက်ချလိုက်မိသည်။
သူ့ကိုယ်သူလည်းကျိန်ဆဲမိပြီးတော့ Baiboonကသူ့စရိုက်နဲ့ပတ်သတ်ပြီးတော့ အဆင်ပြေနိုင် မပြေနိုင်ဆိုတာကိုလည်း သူတွေးပူမိသည်။
ဒါပေမဲ့လည်း သူတို့တွေဒီလိုမျိုးအတူရှိနေတဲ့အချိန်မှာ သူ့ထက်ပိုပြီးတော့တစ်ခြားတစ်ယောက်ကို Baiboonကဂရုစိုက်နေတာမျိုးကိုလည်း Komသည်းမခံနိုင်ပါ။ အကယ်၍အဲ့လူကBaiboonနဲ့သူငယ်ချင်းဖြစ်နေရင်တောင်မှပေါ့။
YOU ARE READING
Unforgotten Night [KomBaiboon]
RomanceUnforgotten Night ကိုကြည့်ဖူးတဲ့လူတိုင်း P'Komနဲ့ Baiboonတို့ကိုသိကြမှာပါ သူတို့နှစ်ယောက်ရဲ့ side storyလေးပါ စုစုပေါင်းအပိုင်း30ပါဝင်မှာပါ ❗❗❗Age gapပေါ်မှာsensitiveဖြစ်တယ်ဆိုရင်မဖတ်စေချင်ပါဘူး❗❗❗ Original author - Yeonim All credit goes to the Auth...