Part 2

182 12 4
                                    

ကိုယ်ချစ်ရသူက ကိုယ့်ရှေ့မှာတင် တစ်ခြားတစ်ယောက်နဲ့ပျော်မြူးနေတဲ့ မြင်ကွင်းက နှလုံးသားအား ဓားဖြင့်မွှန်းသကဲ့သို့ နာကျင်လွန်းလှပါသည်။ ဟိုတစ်ချိန်က လွန်းပိုင်ဆိုင်ခဲ့တဲ့ မောင့်ရင်ခွင်ထက် တစ်ခြားတစ်ယောက်မှေးစက်နေတာမြင်ရတော့ နှလုံးသားကနာကျင်လွန်းလို့ ကြေကွဲလု့မတတ်ပါပဲ။ ထိုမြင်ကွင်းတွေမြင်နေရမဲ့အစား အသက်သေသွားတာကမှ စိတ်သက်သာရာရဦးပေမည်။

ကျွန်ထက်တောင်နိမ့်ကျတယ်လို့ သတ်မှတ်ထားတဲ့မောင့်အိမ်တွင် အိမ်မူကိစ္စတွေကို မနားမနေလုပ်နေရပေမဲ့ ပင်ပန်းတယ်လို့မခံစားရ။ တစ်ခုလေးပဲ.. မြင်ကွင်းလေးတစ်ခုထဲကပဲ ရှိသမျှအင်အားတွေကို စုပ်ယူပြစ်သလိုလုပ်နိုင်တာပါ။

မနက်မိုးလင်းတာနဲ့ မနက်စာပြင်ပေးပြီ ကျယ်ဝန်းလှသည့်အိမ်ကို ဖုန့်မှုန့်တစ်ခုမရှိအောင် သန့်ရှင်းရေးလုပ်ခဲ့သည်။ နေ့လည်ခင်းလောက်ရောက်တော့ လွန်းစားဖို့မောင်ချန်ထားတဲ့အကျွင်းအကျန်တွေကိုစားပြီး မောင်ပေးထားတဲ့ အခန်းမှာနားဖို့လုပ်နေသည့်အချိန် system က လွန်းနာမည်ခေါ်လာတာကြောင့် ဧည့်ခန်းထဲပြန်ထွက်ခဲ့ရသည်။

ဧည့်ခန်းထဲကနေစီးကြိုနေသည့်မြင်ကွင်းကတော့ မောင့်ချစ်သူက မောင့်ပေါင်ပေါ်ထိုင်နေပြီး မောင့်ရင်ခွင်ထဲခေါင်းအပ်ထားသည့်မြင်ကွင်ပင်ဖြစ်သည်။

"ဘာလိုလို့လည်းဗျ..။"

အသံကိုနိမ့်ချစွာဖြင့်မေးလိုက်သည်။

"ငါ့ဘေဘီလေ ပင်ပန်းနေတယ် သောက်စရာတစ်ခုခုသွားဖျော်ပေး။"

မောင့်ရဲ့လက်တွေက မောင့်သက်ဆိုင်သူခါးကို ကိုင်ထားပြီး လက်တစ်ဖက်က ဆံပင်လေးတွေကိုပွတ်သပ်ပေးလို့နေသည်။ ထိုမြင်ကွင်းကိုမြင်တော့ ဟိုအရင်တုန်းက လွန်းဆံပင်လေးတွေကိုတစ်ယုတစ်ယပွတ်သပ်ပေးတဲ့မောင့်ကို ပြေးမြင်မိပြန်သည်။

"ဟုတ်ကဲ့..။"

မောင့်ချစ်သူသောက်ဖို့ အအေးဖျော်ပေးပြီတာနဲ့ ကိုယ့်အခန်းကိုပဲ ပြန်ဖို့လုပ်ခဲ့သည်။

"မင်း ငါ့ကိုဒုက္ခရောက်စေချင်နေတာလား!!"

စူးရှပြီးတင်းမာလွန်းလှတဲ့ အော်သံကြောင့် အိပ်ခန်းထဲပြန်ဖို့ပြင်နေသည့် ခြေလှမ်းတွေဟာတုန့်ဆိုင်းသွားရသည်။

He's mine(completed)Where stories live. Discover now