Part 23

125 8 2
                                    

ဟန်သာလိုအပ်တာတွေလုပ်ပြီးနောက် အချိန်က၁လပြည့်ခဲ့လေပြီ။ ထိုအချိန်အတွင်းလွန်းအသက်ကိုမှီနိုင်ပါစေသာ ဆုတောင်းနေမိသည်။ အကုန်လုံးပြင်ဆင်ပြီးသည်နှင့် မြန်မာနိုင်ငံကိုပြန်လာခဲ့သည်။ မြန်မာနိုင်ငံကိုပြန်ရောက်တာနဲ့ လွန်းရှိနေသည့် ဆေးရုံကိုသာဦးတည်ပြီးသွားခဲ့သည်။ ဆေးရုံးထဲဝင်ပြီးတာနဲ့ ဟန်သာနဲ့အတူပါလာတဲ့ ဟန်သာ့ဆရာသမားဖြစ်သူရယ် ထိုဆေးရုံမှဆေးရုံအုပ်တို့တွေ့ခဲ့ကြသည်။ လိုအပ်သည်ကိုပြောပြီးတာနဲ့ လွန်းရှိနေရာအခန်းသို့သွားလိုက်မိသည်။

ခြေလှမ်းတို့ဟာလေးလံနေပြီး အသက်ကိုပင်မနည်းရှုခဲ့ရသည်။ ဆေးရုံကော်ရစ်တာအတိုင်းလျှောက်ပြီးနောက် လွန်းရှိနေသာ အခန်းထဲကိုရောက်ခဲ့သည်။ အခန်းထဲတွင်တွေ့လိုက်ရသည််မှာ လွန်းရဲ့လက်ကိုကိုင်ပြီး လွန်းဘေးနားရှိနေသည့် ဝီလျံဖီယတ်ဖြစ်သည်။ အောက်ဆီဂျင်ပိုက်တန်းလန်နှင့် လွန်းကိုတွေ့လိုက်ရသည်မှာ တွေးထားသည်ထက်ပိုနာကျင်ခဲ့ရသည်။ လွန်းရဲ့လက်လေးတွေကို ကိုင်ထားတဲ့အကောင်ရဲ့မျက်ခွက်မြင်လိုက်တော့ ဝန်တိုမှုတွေနဲ့ ဒေါသတွေကထိန်းလို့မရတော့ ခြေလှမ်းတို့ဟာမြန်ဆန်သွားပြီး ဝီလျံဖီယတ်အား ဆွဲထူပြီး ထိုးလိုက်မိသည်။

"ခွက်!!"

"လွန်းဒီလိုဖြစ်တာမင်းကြောင့်!!"

ပုံမှန်ဆို မာနတစ်ခွဲသာနှင့်လူတစ်ကာကို နာကျင်အောင်ပြောဆိုတတ်တဲ့အကောင်က အခုတော့ အသက်မဲ့နေသောမျက်နှာနှင့် ချွတ်ချုံကျနေသော ခန္ဓာကိုယ်ဖြင့်ဖြစ်နေလေသည်။ သူ့ပုံစံက သူ့ကိုဒီနေရာမှာတင်ထိုးသတ်သွားရင်တောင် လက်တုံ့ပြန်မည့်ပုံမပေါ်။

"မင်းကွာ.. မင်း...။"

သူ့ကိုထိုးနေတဲ့လက်ညိုးတို့ကိုတင်းကြပ်နေအောင်ဆုတ်ကိုင်ပြီး လွန်းအနားသို့သွားလိုက်သည်။

"လွန်း ငါမင်းအနားမှာထာဝရရှိနေပေးတော့မှာမို့ မကြောက်နဲ့တော့နော်။"

လွန်းရဲ့လက်လေးတွေကိုကိုင်ပြီး နဖူးပြင်လေးအား အမြတ်တနိုးနမ်းရှိုက်မိလိုက်သည်။

He's mine(completed)Where stories live. Discover now