part12

9 0 0
                                    

ဟိုးအရင်တည်းက နေ့တိုင်းကိုယ့်ကိုပြန်မေးမိတဲ့မေးခွန်းလေးရှိသည်။ ငါဘာအတွက်အသက်ရှင်နေတာလည်း? လူတွေရဲ့လုပ်ရိုးလုပ်စဉ်ဖြစ်တဲ့ မနက်မိုးလင်းလာတာနဲ့ အလုပ်သမားတွေကအလုပ်သွားကြပြီး ကျောင်းသားတွေကကျောင်းကိုသွားကြသည်။ ကျွန်တော်လည်းသူများတွေနည်းတူ ဒီလိုပဲနေ့တိုင်းရှင်သန်ခဲ့တယ်။ မေးခွန်မေးပြီးတဲ့အချိန်မှာတော့ အများကြီးစဉ်းစားမိခဲ့သည်။ ဖတ်ဖူးတဲ့စာအုပ်ထဲမှာတော့ "ကျွန်တော်တို့ဟာသေမဲ့နေ့ကိုထမင်းစားပြီး စောင့်နေတာ"တဲ့ စာရေးတဲ့သူပြောတာမှန်တယ်လို့ ထင်တာကြောင့် အသက်ရှင်နေရတဲ့အကြောင်းပြချက်လေးတစ်ခုတော့ ကျွန်တော်ရအောင်ရှာခဲ့သည်။

လူရယ်လို့ဖြစ်လာတာနဲ့ကြုံတွေ့ရမဲ့ဒုက္ခတွေကိုစဉ်းစားဆင်ခြင်မိပြီး နိဗ္ဗာန်ကိုရောက်အောင်သွားချင်တယ်ဆိုတဲ့ အကြောင်းပြချက်လေးရှိလာခဲ့သည်။ သို့သော်လည်းဖြစ်ချင်တာနဲ့ဖြစ်နေတာတွေက ထပ်တူမကျခဲ့။ ငါးပါးသီလလုံဖို့ သူငယ်ချင်းတောင်မထားခဲ့ပေမဲ့ ချစ်သူလေးတစ်ယောက်တော့ထားခဲ့မိသည်။ ထားခဲ့မိတဲ့ချစ်သူဟာလည်း ကိုယ့်အဆင့်နဲ့ဆိုမိုးနဲ့မြေလိုကွာခြားတဲ့သူတစ်ယောက်ဖြစ်လို့နေသည်။ လူဖြစ်လာပြီးဆိုမှတော့ ကြုံတွေ့ရမဲ့ဒုက္ခအခတ်အခဲတွေကိုရှောင်ဖယ်လို့မရ။ ငွေရေးကြေးရေးအခတ်အခဲကြောင့် ချစ်သူကိုထားခဲ့ရသော်လည်း မေ့ဖျောက်လို့ကမရပြန်။ အကြောင်းဖန်လို့ပြန်တွေ့တော့လည်း အရှင်လတ်လတ်ငရဲကျသလိုခံစားရပြန်သည်။

ကံကြမ္မာကမျက်နှာသာပေးလို့ အိမ်မတ်လေးကိုအကောင်အထည်ဖော်ဖို့လုပ်ခဲ့ပေမဲ့မရပြန်။ တစ်ခါတစ်လေတော့လည်း ဒီဘဝကိုလက်လျော့လိုက်တာကမှပိုကောင်းဦးမယ်ဆိုပြီး သတ္တိနည်းမိပြန်သည်။ ရန်သူမျိုးငါးပါးထဲမှာ မချစ်မနှစ်သက်သောသူနှင့် အတူတူနေခြင်းပါသည်။ လွန်းကတော့ရန်သူမျိုး၆ပါးဆိုပြီးပြောင်းလိုက်ခြင်သည်။ ထပ်ထည့်ချင်တာလေးက ကိုယ်ချစ်ရသူရင်ခွင်ထဲတစ်ခြားတစ်ယောက်ရောက်နေတဲ့မြင်ကွင်းလို့သာ ပြောလိုက်ချင်သည်။ ဒါပေမဲ့လည်းမဖြစ်နိုင်ဘူးမလား။

အခုလည်း မောင့်မိဘရော မောင့်ချစ်သူရော ရောက်လာပြီး လွန်းရှေ့မှာတင် မောင်တစ်ခြားတစ်ယောက်နဲ့လက်ထပ်မဲ့အကြောင်းကို တိုင်ပင်တော့မှာမို့ အခုနေသာ ခေါက်ခနဲမေ့လဲသွားမယ်ဆို ဒီဘဝကိုထာဝရစွန့်လွှတ်ပြီးသားဖြစ်ပါစေလို့ ဆုတောင်းနေမိသည်။ အစောတည်းကလည်း ရီဝေရီဝေဖြစ်နေတာမို့ လွန်းရဲ့ဆုတောင်းတစ်ကယ်ဖြစ်ဖို့သာ ရည်စူးမိသည်။ ဆုတောင်းထဲကအတိုင်း မေ့လဲသွားခဲ့သော်ငြား ဆုတောင်းကမပြည့်ခဲ့။

He's mine(completed)Where stories live. Discover now