Part 16

143 12 8
                                    

"ဖေဖေ ဒယ်ဒီကဘာလို့အိမ်ပြန်မလာတာလည်းဟင်။"

သမီးလေးရဲ့မေးခွန်းတွေကို ရှောင်ဖယ်လို့လည်းမရ။ သမီးလေးကိုရှင်းခံစားခဲ့ရသလို မခံစားစေချင်ပေမဲ့ ဖောက်ပြန်တတ်တဲ့သူ့လိုလူကိုကြည့်ပြီး သမီးလေးကိုမကြီးပြင်းစေချင်။ ရှင်းလုပ်ခဲ့တဲ့လုပ်ရပ်တွေက မှန်နေရဲ့လားဆိုပြီး တိုင်ပင်စရာရယ်လို့မိဘလည်းမရှိသလို မိတ်ဆွေအပေါင်းအသင်းလည်းမရှိ။ ကိုယ့်ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ်သုံးသပ်ပြီး "ငါ့လုပ်ရပ်ကမှန်တယ်လို့" ကိုယ့်ကိုကိုသာပြန်ပြောနေမိသည်။

"သမီးလေး တစ်ကယ်လို့သာ... တစ်ကယ်လို့သာ..."

ရှင်းပါးစပ်ကနေ ဖေဖေတို့တွေကွာရှင်းတော့မယ် အတူမနေတော့ဘူးလို့ သမီးလေးကိုပြောမထွက်။ သူမကောင်းတာသိပါရဲ့နဲ့ ရှင်းလုပ်တာမှန်တယ်ဆိုတာသိပါရဲ့နဲ့ အပြစ်မရှိတဲ့သမီးလေးကို broken family ဆိုတဲ့နာကျင်စရာကောင်းတဲ့ခံစားချက်ကိုမရစေချင်။ ဒီခံစားချက်ကဘယ်လောက်ဆိုးရွားလည်းဆိုတာ ရှင်းသိသည်။ အပြင်သွားတိုင်း ပျော်ရွှင်နေတဲ့သူများမိသားစုတွေကိုကြည့်ပြီး အားကျတယ်ဆိုတဲ့ခံစားချက် ၊ ငါလည်းမိဘနှစ်ပါးလုံးနဲ့နွေးထွေးစွာနေချင်တယ်ဆိုတဲ့ခံစားချက်၊ နေမကောင်းတဲ့အခါ ဖေဖေကဆေးခန်းပြပေးပြီး မေမေကဆန်ပြုတ်တိုက်ပေးနေတယ်ဆိုတဲ့ အိမ်မတ်လေးတွေ မဖြစ်နိုင်တာကိုသိရဲ့နဲ့ မရနိုင်တာကိုသိရဲ့နဲ့ မျှော်လင့်မိတယ် အိမ်မတ်မတ်နေမိတယ်။ အဲ့လိုခံစားချက်မျိုးတွေကို သမီးလေးကိုမခံစားစေချင်ဘူး။

"သမီးဖေဖေက အလုပ်ခရီးထွက်နေလို့ပါ သူပြန်လာပါလိမ့်မယ်သမီးရဲ့။"

"ဟွန့် သမီးမွေးနေ့ကနီးနေပြီးလေ ဖေဖေကလည်းအလုပ်ကြီးပဲလုပ်နေတယ်။"

ရှင်းနှုတ်ခမ်းကိုပေါက်လုနီးပါးကိုက်မိလိုက်သည်။ ကျလုဆဲဆဲမျက်ရည်တွေကိုသမီးမမြင်အောင် သုပ်ပြီး မှန်နေတယ်ဆိုလည်း သမီးလေးအတွက် ခံစားချက်တွေကိုမျိုသိပ်ပြီး ဆုံးဖြတ်ချက်အသစ်ချလိုက်သည်။

"သူဌေး အကိုလေးလာနေပါတယ်ဗျ။"

အိမ်မပြန်တာရက်ပိုင်းလောက်ကြာနေပြီးဖြစ်တာကြောင့် ရှင်းလိုက်လာမယ်ဆိုတာသိသည်။ ဟိုအရင်ကလည်း ပြသနာတစ်ခုခုတတ်တိုင်းဒီလိုလိုက်လာနေကျမို့လေ။

He's mine(completed)Where stories live. Discover now