Part 27(final)

201 11 5
                                    

မြက်ခင်းတွေစိမ်းစိုနေပြီး လွန်းသဘောကျရသော ပန်းခြံထဲတွင် လူများစုဝေးလို့နေပြီး သမီးလေးအားကောင်းချီပေးနေကြလေသည်။ မောင်ကလည်း အဖြူကိုအနက်ဖောက်ထားသည့်ဝတ်စုံပြည့်အား ဝတ်လို့ထားလေသည်။ အနက်ရောင်မှအနက်ရောင်ဖြစ်နေတဲ့မောင့်ကို အဖြူခံဝတ်ဖို့လွန်းမနည်းကြိုးစားခဲ့ရသည်။ လွန်းကတော့ အဖြူရောင်ဝတ်စုံပြည့်ကိုဝတ်ဆင်ခဲ့ပြီး သမီးလေးအားချီထားခဲ့သည်။ ညနေပိုင်းရောက်လာသည်နှင့် လူကပိုများလာခဲ့ပြီး ခြံထဲတွင်လည်း ဇိမ်ခံကားများပြည့်နှက်လို့နေလေသည်။

လွန်းသိတဲ့သူကလက်ချိုးရေတွက်လို့ရတာမို့ နည်းနည်းတော့ပင်ပန်းခဲ့ရသည်။ ည၇နာရီကျော်လောက်ရောက်တဲ့အချိန်မှာတော့ အကုန်လုံးနီးပါးပြန်သွားကြလေသည်။ လွန်းလည်းခြေကုန်လက်ပမ်းကြနေပြီမို့ အိမ်ထဲဝင်ဖို့လုပ်သည့်အချိန် ခြံထဲဝင်လာတဲ့ကားတစ်စီးကြောင့် အာရုံကထိုကားကိုသာရောက်နေခဲ့တော့သည်။ ပွဲပြီးတဲ့အချိန်မှရောက်လာတဲ့ဒီကားက ဘယ်သူ့ကားများဖြစ်နေမလည်းဆိုတာ စိတ်ဝင်တစားကြည့်ခဲ့မိသည်။ ထိုအချိန်ကားထဲကနေ တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ ကြည့်ကောင်းသောယောကျာ်းတစ်ယောက်ထွက်လာလေသည်။ ထိုသူအားလွန်းမသိတာကြောင့် မောင့်ကိုသာအော်ခေါ်လိုက်တော့သည်။

"မောင်ရေ"

အလုပ်ကိစ္စနဲ့ဖုန်းပြောနေတဲ့မောင့်ကိုဆွဲခေါ်ပြီး ထိုယောကျာ်းအားညွှန်ပြလိုက်သည်။ မောင်အသိထင်ပါရဲ့ ဖုန်းကိုချက်ချင်းချလိုက်လေသည်။ လွန်းလည်းမောင့်ဘက်ကိုအာရုံရောက်နေတာကြောင့် ထိုသူအနားရောက်လာတာတောင် သတိမထားမိဖြစ်ခဲ့ရသည်။

"တစ်ခတ်တင်နဲ့တူတဲ့ကောင်လေးရော မပါလာဘူးလား မိုးထက်အေး။"

"ပါပါတယ် ကားပေါ်မှာလက်ဆောင်ယူနေတယ် လာလိမ့်မယ်။"

မောင်တို့ရဲ့စကားဝိုင်းကိုနားထောင်ပြီး အကိုတစ်ခတ်တင်နဲ့တူတဲ့ကောင်လေးလိုပြောလိုက်တာမို့ ကားပေါ်ကနေဆင်းလာသည့်ကောင်လေးအား အာရုံစိုက်ကြည့်မိလိုက်သည်။ သိပ်မကြာခင်ပဲ လွန်းတို့နားရောက်လာပြီး လွန်းဆီကိုလက်ဆောင်ထိုးပေးလေသည်။

He's mine(completed)Where stories live. Discover now