Part 11

131 12 0
                                    

နေမင်းသခင်အိမ်ကိုပြန်မလာတာ ရက်ပိုင်းလောက်ရှိနေပြီဖြစ်သည်။ ကွာရှင်းစာချုပ်တွင်လက်မှတ်မထိုးချင်လို့ ရှောင်နေတယ်ဆိုတာ ရှင်းသိသည်။ သူအပြင်မှာရှုပ်ချင်တိုင်းရှုပ်လို့ရမဲ့အခွင့်အရေးကို ဘာကြောင့်လက်လွတ်ခံချင်နေလည်းဆိုတာ နားမလည်နိုင်ဖြစ်မိသည်။ အချိန်တွေလည်းထပ်မဆွဲချင်တာကြောင့် အလုပ်ကိုမသွားဘဲ အိမ်မှာနေရင်းသူပြန်လာမဲ့အချိန်ကိုစောင့်ခဲ့သည်။ ရှင်းဆုံးဖြတ်ချက်မှန်ခဲ့သည်။ ရက်ပိုင်းလောက်ကြာပြီးနောက် ရှင်းမရှိလောက်မဲ့အချိန်သူအိမ်ကိုပြန်လာခဲ့သည်။ အိမ်ကိုပြန်လာတာတောင်ခိုးချောင်ခိုးဝှက်နဲ့ပြန်လာပြီး အိမ်အကူကောင်မလေးကိုရှင်းရှိမရှိမေးနေသေးသည်။ သူအကြောင်းသိနေတာမို့ သူပြန်ထွက်မသွားခင် လူလုံးထွက်ပြလိုက်သည်။

"စာချုပ်မှာလက်မှတ်ထိုးပါတော့ နေမင်းသခင်!!"

ရှင်းရဲ့ပုံစံက ကျော့ရှင်းတောက်ပနေတဲ့ပုံစံဖြင့် တည်ရှိနေပြီး ဆုံးဖြတ်ချက်အခိုင်အမာချပြီးပြီဆိုတဲ့မျက်နှာထားမျိုးဖြစ်သည်။ အမှန်တိုင်းပြောပါဆို ရှင်းကိုလက်မလွှတ်နိုင်။ ရှင်းနဲ့နေရတာက ကြာလေကြာလေ ပျင်းဖို့ကောင်းလာတာမို့ အသစ်တွေရှာခဲ့တယ်ဆိုတာ မှန်ပေမဲ့ ရှင်းကိုတော့လက်လွှတ်မပေးနိုင်။ အမြဲတမ်းတစ်ယောက်တည်းနေပြီး အိမ်ထောင်ရေးသာယာမှုကိုလည်းမပေးချင်ဖြစ်နေတဲ့ရှင်းကြောင့် အသစ်ရှာခဲ့မိတာဆိုပိုမှန်ပေမည်။ ဒါပေမဲ့လည်း ရှင်းကိုသံယောဇဉ်ရှိသလို ချစ်စိတ်လေးလည်းရှိတာမို့ ကွာရှင်းစာချုပ်မှာ ဘယ်တော့မှလက်မှတ်ထိုးမည်မဟုတ်။ သို့သော်လည်းဆုံးဖြတ်ချက်ခိုင်မာနေတဲ့သူကို ဘယ်လိုလုပ်မှလက်လျော့မည်နည်း။ နောက်ဆုံးမသက်သာတဲ့အချိန်မို့ နောက်ဆုံးလက်နက်ကိုထုတ်သုံးလိုက်တော့သည်။

"သမီးလေးကိုမင်းလိုကြီးပျင်းစေချင်နေတာလား မိဘစုံလင်စွာနဲ့မကြီးပျင်းခဲ့ရတဲ့လူတစ်ယောက်ရဲ့ခံစားချက်ကို မင်းကောင်းကောင်းကြီးသိရဲ့နဲ့ သမီးလေးကိုမင်းခံစားခဲ့ရတာတွေကို ခံစားခိုင်းမလို့လား!"

မိဘစုံလင်စွာနဲ့မကြီးပျင်းခဲ့ရတဲ့လူတစ်ယောက်ရဲ့ခံစားချက်? ရှင်းသေချာပေါက်သိတာပေါ့ မိတစ်ကွဲဖတစ်ကွဲနဲ့ကြီးပျင်းလာရတဲ့ခံစားချက်ကို ကောင်းကောင်းကြီးသိတာပေါ့။ လမ်းသွားလမ်းလာရင်းပဲဖြစ်ဖြစ် ပန်းခြံမှာဆော့တဲ့အချိန်ပဲဖြစ်ဖြစ် မိဘစုံလင်စွာနဲ့ဆော့ကစားနေတဲ့ ပျော်မြူးနေတဲ့ကလေးတွေကိုတွေ့ရင် အားကျတယ်ဆိုတဲ့ခံစားချက်၊ ငါလည်းအဲ့လိုမျိုးလေး နေချင်လိုက်တာဆိုတဲ့ ခံစားချက် ဒီခံစားချက်တွေကို ရှင်းကောင်းကောင်းကြီးသိသည်။ ဒါပေမဲ့လည်း ကိုယ့်ကိုရွေးချယ်ပြီးမှတစ်ခြားသူနဲ့ဖောက်ပြန်နေတဲ့ ယောကျာ်းကိုဆက်ပြီးသည်းခံဖို့ဆိုတာလည်းမဖြစ်နိုင်တော့။ အစတည်းကသာ ရည်ရွယ်ချက်ရှိရှိနဲ့ရွေးချယ်ခံရပြီး ဒီလိုမျိုးသာ ထားခဲ့ခံရမယ်ဆိုတာသိရင် တစ်ယောက်တည်းပဲနေခဲ့မိမှာ။ ရွေးချယ်ပြီးမှစွန့်ပြစ်ခံရမဲ့အစား ရွေးချယ်မှုကိုငြင်းပယ်လိုက်တာကမှ ပိုကောင်းပေမည်။

He's mine(completed)Where stories live. Discover now