Part 26

119 10 2
                                    

မနက်ခင်းမိုးလင်းတည်းက မိုးကအဆက်မပြတ်ရွာနေတာကြောင့် ဟန်သာကိုသွားတွေ့ဖို့ပြင်ထားသည်ကို အချိန်အနည်းငယ်နောက်ကျပြီးမှထွက်လာရသည်။ သမီးလေးကလည်း ဂျီကျနေတာကြောင့် မနည်းချော့ခဲ့ရသေးသည်။ အကုန်လုံးထက်ထူးဆန်းသည်မှာ မောင်ဖြစ်သည်။ သူငယ်ချင်းနဲ့သွားတွေ့မှာပါဆို အောက်မေ့ဖွယ်အခမ်းအနားတတ်ရတော့မလို အဝတ်အစားကိုရွေးပြီးဝတ်ခိုင်းလေသည်။ လွန်းကတော့ မောင်ပြောတာကို မငြင်းဆန်နိုင်ပါ။ သူငယ်ချင်းနဲ့သွားတွေ့ခွင့်ပေးတာကိုတောင် တော်ကာကျနေသည်မို့ မောင်ပြောတဲ့အဝတ်အစားကိုပဲဝတ်ပြီး နှစ်ယောက်သားထွက်လာခဲ့ကြသည်။ တစ်လမ်းလုံးမောင်တစ်ယောက်တိတ်ဆိတ်လို့နေပြီး ပန်းဆိုင်တွင်တောင် ပန်းတွေဝင်ဝယ်နေလေသည်။ လွန်းကတော့ မောင်လုပ်သမျှကို အထူးအဆန်းလိုက်ကြည့်ပြီး နှုတ်ပိတ်ပြီးသာလိုက်ခဲ့တော့သည်။

သူငယ်ချင်းဆီလိုက်ပို့ပေးမယ်လို့ ပြောပြီး ထူးဆန်းစွာဖြင့်သုသာန်ကိုခေါ်လာလေသည်။ မဟုတ်မှ ကိုတစ်ခတ်တင်အတွက်များလားဆိုပြီး နှုတ်ပိတ်ပြီးသာလိုက်ခဲ့သည်။ မိုးကလည်းရွာနေတာမို့ မောင်ကထီးဆောင်ပေးပြီး လွန်းကပန်းတွေကို ကိုင်ခဲ့ရသည်။ မောင်ခေါ်ရာနောက်လိုက်ပြီးသည်နှင့် နေရာတစ်ခုအရောက်မောင်ကရပ်လိုက်ပြီး ရုတ်တရတ်ဆိုသလို စကားတစ်ခွန်းကိုဆိုလိုက်သည်။

"ငါတို့လာလည်တယ်နော် ဟန်သာ။"

မောင်ပါးစပ်ကထွက်လိုက်တဲ့စကားကြောင့် လွန်းရင်ဘက်ထဲ ဆို့တတ်သွားရသည်။

"ဟမ် မောင်ဘာတွေပြော..."

အုတ်ဂူကိုကြည့်လိုက်သည့်အချိန် မောင်ဟန်သာ အသက်(၃၀)ဆိုပြီး ရေးထားလေသည်။

"နောက်နေတာမလားမောင်"

လွန်းရဲ့အသံတို့ဟာတုန်ရီလို့နေသည်။

"မောင်လွန်းကိုနောက်နေတာလို့ ပြောပေးပါ ကျေးဇူးပြုပြီးတော့.."

အနက်ရောင်ဝတ်စုံဖြင့် လက်တွင်ပန်းတွေကိုဆုတ်ကိုင်ထားသည့် လွန်းမျက်နှာပေါ်တွင် မျက်ရည်တွေပြည့်နှက်လို့လာသည်။

He's mine(completed)Where stories live. Discover now